ထိ ရေ နှင့် အရက်

ဆရာခင်ဗျ ထမင်းစားပြီး မိနစ်သုံးဆယ်အတွင်း ရေသောက်ရင် အစာအိမ်ထိတယ်လို့ပြောကြပါတယ် ဒါဆို အရက်သောက်ရင်း ထမင်းစားရင်ရော အစာအိမ်ထိပါသလား
- ထိ
ထိတယ်ဆိုတာ ဘာလဲ။ ထိခိုက်တာလား၊ သွားထိမိတာလား။ ကျန်းမာရေးမေးခွန်းဖြစ်လို့ ထိခိုက်ကို ဆိုလိုတာ ဖြစ်နိုင်တယ်။
ကျန်းမာရေးမှာ မြွေကိုက်တာကိုသာ ပိုးထိတယ်လို့ သုံးလေ့ရှိတယ်။
- ရေ
ရေကို ဘယ်လိုသောက်သောက် (ထိုင်သောက်သောက်၊ ထသောက်သောက်၊ ထမင်းမစားခင်သောက်သောက်၊ စားနေတုန်းသောက်သောက်၊ စားပြီးသောက်သောက်) ရောဂါ တစိုးတစိမျှ မရနိုင်။ ခွဲစိတ်ထားလို့ ယာယီတားထားရင်တော့ လိုက်နာရပါမယ်။
မွေးစကလေး ၆ လအထိ မိခင်နို့တိုက်နေရင် ရေမလိုပါ။
- အရက်
အရက်ဆိုတာ ဘယ်လိုသောက်သောက် အယ်လ်ကိုဟောရဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ အရက်ထဲက အယ်လ်ကိုဟော % အနည်းအများ၊ သောက်တဲ့ပမာဏ၊ သောက်တဲ့သူရဲ့ အသည်း၊ စိတ်နဲ့ ဦးနှောက်ရောဂါအခံ ရှိ-မရှိအရ ရောဂါရပါမယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ