Cardivas Coversyl ဆေးများ

အသက် ၆၂ နှစ် ကျားပါ အစာစားပြီးရင်နှလုံးခုန်မြန်ပြီးသွေးတိုးလို့ ပါရဂူပြပြီး နှလုံးဆေးနဲ့သွေးကျဆေး ပုံမှန်သောက်တာ ၇နှစ်ရှိပါပြီ စိုးရိမ်တာက နှလုံးဆေးတွေက ကြာကြာသောက်ရင် ကျောက်ကပ်ကိုထိစေနိုင်ပါသလား ဆရာခင်ဗျား လိုအပ်ပါက သောက်ဆေးတွေပို့ပေးပါမယ်ခင်ဗျား

ဆေးအမည် အင်္ဂလိပ်လို စာလုံးပေါင်း သိလို။

Cardivas 6.25 MG Tablet Side effects ဘေးထွက်သက်ရောက်မှုများ

• ခေါင်းမူး

• အသက်ရှူရခက်

• ကိုယ်အလေးချိန်တက်

• ခြေထောက်ရောင်

• ခေါင်းကိုက်

• ချွေးထွက်များ

• နောက်ကျောနာ

• ဝမ်းပျက်

• မောပန်း

• ပျို့ အန်

• ချောင်းဆိုး

• သွေးဖိအားကျ

• သကြားဓါတ်တက်

Coversyl 5 mg ဘေးထွက်သက်ရောက်မှုများ

• ချောင်းဆိုး

• အသက်ရှူမဝ

• လှုပ်ရှားရင်မော

• ခေါင်းကိုက်

• ခေါင်းမူး 

• အပ်နဲ့ထိုးသလိုခံစား

• နှလုံးခုန် မူမမှန်

• အားနည်း

• နားအူ

• မျက်စိကြည့်မကောင်း

• သွေးဖိအားကျ

• ပျို့ အန်

• လျှာအရသာပျက်

• အစာမကျေ 

• ဝမ်းပျက် 

• ဝမ်းချုပ် 

• ဗိုက်အောင့်

• ကြွက်တက်

• ယား

ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။ ဒါပေမဲ့ ဆေးကို စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က ညွှန်ရင်တော့ သောက်ရပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ