Deformed Nipples နို့သီးရောဂါများ

(ကန်တော့)

ဆရာ ကျွန်တော့် အမျိုးသမီးရဲ့ နို့ထိပ်မှာကွဲ နေတယ်။ ပြီးတော့ အဖြူရောင်အနှစ်လေးတွေထွက်တယ်. နမ်းကြည့်ရင် အနံ့ ဆိုးတယ်ဆရာ။ နို့ကလည်း ၂ ဖက်လုံး ထိပ်ကလေးတွေ ကွဲနေတာ။ ၂ ဖက်လုံးက အဲလိုအဖြူလေးတွေထွက်တယ်။ ဘာဖြစ်တာလည်းဆရာ။.ဓာတ်ပုံပြပါ့မယ်ဆရာ။ ကလေးမရှိသေးပါဘူး။ အိမ်ထောင်ကျတာ မကြာသေးဘူးဆရာ။ နို့ထိပ်ကိုင်ရင် နာတယ်လို့ပြောပါတယ်။

နို့၊ ပုံပန်း၊ အရွယ်အစား၊ နို့သီး၊ ရောင်ရင့်အဝိုင်းတွေဟာ တဖက်နဲ့တဖက်တူချင်မှတူမယ်။ ရောဂါမဟုတ်ပါ။ မွေးရာပါ ဖြစ်တယ်။ နို့သီးရောဂါတွေကတော့ -

- Traumas ဒဏ်ရာ

ထိခိုက်မှုကနေအများဆုံးဖြစ်တယ်။ အလှအပအတွက် ကွင်းတပ်တာလည်းပါတယ်။ ကလေးနို့စိုတာလည်း ပါတယ်။ တခြားနေရာထွကို ထိခိုက်မိတာမျိုးလည်းရှိတယ်။ အနာ၊ ဒဏ်ရာရထားရာကနေ အနာပျောက်ဖြစ်စဉ်အရ အမာရွတ်ဖြစ်လို့ မတူတာလည်းဖြစ်နိုင်တယ်။

- Inverted nipples ခွက်ဝင်နေခြင်း

နရိုကခွက်ဝင်နေပေမဲ့ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးချိုတိုက်ချ်ိန်မှာ ခွက်ဝင်နေတဲ့နို့သီးခေါင်း ထွက်လာတာလည်း ဖြစ်နိုင်တယ်။ လက်နဲ့ဆွဲဆွဲယူနည်းလုပ်ပေးနိုင်တယ်။ စုပ်စရာကိရိယာသုံးနိုင်တယ်။ တချို့ကိုခွဲစိတ်ပြင်ပေးရတယ်။

မွေးရပါဖြစ်တာများတယ်။

• Chromosome 2q deletion syndrome

• Congenital disorder of glycosylation

• Fryns-Aftimos syndrome

• Genetically determined difference in the shape of nipple

• Weaver syndrome

• Kennerknecht-Sorgo-Oberhoffer syndrome ဆိုတဲ့ရောဂါတွေကနေလည်းဖြစ်တယ်။ ရှားတယ်။

- Retracted Nipples နို့သီးခွက်နေခြင်းတမျိုး

Inverted nipples ခွက်ဝင်နေခြင်းနဲ့မတူပါ။ အင်ကနို့သီးအရောင်ရင့်အဝိုင်းအထက်မှာရှိနေရာကနေ နောက်မှ ဝင်သွားတာမျိုးဖြစ်တယ်။

• Breast cancer ရင်သားကင်ဆာ၊

• Age-related changes အသက်အရပြောင်းတာ၊

• Duct ectasia ရောဂါ၊

• Infection of the milk duct နို့ပြွန်ရောင်တာ၊

• Trauma resulting in fat necrosis or scars ထိခိုက်မှုကနေ အမာရွတ်ဖြစ်တာ၊

• Post-operatively after breast or nipple surgery ခွဲစိတ်မှုကနေဖြစ်တာ၊

• Breast abscess နို့နာ၊

• Mastitis နိုရောင်ခြင်း၊

• Tuberculosis တီဘီ၊

• Sudden and excessive weight loss ရုတ်တရက်ကိုယ်အလေးချိန်ကျသွားခြင်း၊

• Sagging breast နို့တွဲကျခြင်းတွေကနေဖြစ်စေနိုင်တယ်။

- Prominent Nipples သိသာလွန်းတဲ့နို့သီးခေါင်း

အပျိုဖြစ်လာချိနှာ တခြားအချိန်တွေထက်လွန်ကဲနေမယ်။ တချို့အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာလက္ခဏာလို့ ပြောနိုင်တယ်။

• Pregnancy ကိုယ်ဝန်၊

• Lactation နို့တိုက်ချိန်၊

• Puffy nipples နို့တင်းနေတာတွေကနေလည်းဖြစ်နိုင်တယ်။

- Polythelia (Third Nipple) နို့သီးအပိုပါခြင်း

အများအားဖြင့် ချိုင်းကနေ ပေါင်ခြံကိုသွားတဲ့မျဉ်းတလျှောက်မှာဖြစ်တယ်။ တခြားနေရာတွေမှာလည်းရှိနိုင်သေးတယ်။ မွေးရာပါဖြစ်တယ်။ Bifid nipples, intra-areolar polythelia, or dysplastic ဆိုတာတွေက ခန္ဓာဗေဒတည်ဆောက်မှုအရ နို့သီးထိပ်မှာ ခွက်ဝင်နေတာလည်းရှိတယ်။

- Athelia နို့သီးမပါခြင်း

ရှားတယ်။ မွေးရာပါဖြစ်တယ်။ တဖက်တည်း၊ နှစ်ဖက်လုံးမပါတာရှိနိုင်တယ်။ တဖက်တည်းမပါတာဆိုရင် Poland syndrome ရောဂါကိုစဉ်းစားရတယ်။ Bilateral athelia နှစ်ဖက်လုံးမပါတာဆိုရင် ectodermal dysplasia ခေါ်တယ်။

- Scaly, fissured or cracked nipples တခြားအခြေအနေတွေဖြစ်တဲ့ ခြောက်သွေ့နေတာ၊ ကွဲနေတာ၊ အရေခွံ ကွာကျနတာတွေက eczema, psoriasis, lactation, irritant dermatitis (jogger’s nipples), Paget’s disease နာတာရှည် အရေပြားနာတခုခုကနေ ဆက်ဖြစ်တာဖြစ်နိုင်တယ်။

- Disproportionate size of the nipples နို့အလုံး၊ နို့အရောင်ရင့်အဝိုင်းတို့နဲ့ အရွယမမျှဖြစ်တာ ရောဂါမဟုတ်ပါ။

Imperforate nipples နို့သီးထိပ်ဖျားမှာ နို့ထွက်ပြွန်ပေါက်လေးတွေရှိရတယ်။ မပါတာဆိုရင် ထိခိုက်မိရာကနေဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ