Diagnosis of Leprosy အနာကြီးရောဂါ စစ်ဆေးခြင်း

ဆရာ မင်္ဂလာပါရှင် သမီးအမက ခန္ဓာကိုယ်မှာ အဖြူကွတ်လေးတွေရှိနေပြီး ယားတယ် နီးစပ်ရာ ဆရာဝန်တွေနဲ့ပြလည်း မပျောက်ဘူး ဆရာ။ အဲ့ဒါအမျိုးထဲမှာ အနားကြီးရောဂါသည်တွေမရှိပေမယ့် သူက ရန်ကုန်ရောက်တုန်း အနာကြီးရောဂါ ဝင်ချင်တာလား သေချာအောင် စစ်ကြည်ချင်တယ်တဲ့။ အနာကြီးရောဂါကို ရန်ကုန်ဘယ်မှာစစ်လို့ရနိုင်သလဲဆရာ။ သမီးတို့က ( - ) မှာနေတာပါရှင် ဆရာမိသားစု ကျမ္မာချမ်းသာပါစေ။

(၁) Clinically လူနာကို ဆရာဝန်ကစမ်းသပ်နည်းကို အများဆုံးသုံးတယ်။ အဲဒါနဲ့ မသေချာသေးသူကို 

(၂) Laboratory-based services ဓါတ်ခွဲခန်းနည်းနဲ့ စမ်းသပ်တယ်။

၁။ လူနာရဲ့ အရေပြားတနေရာမှာ ထုံနေတဲ့အကွက်ရှိမယ်။ နီကောင်းနီနေမယ်။

၂။ သက်ဆိုင်ရာအာရုံကြော ကြီးနေမယ်။ အဲဒီအာရုံကြောနဲ့ဆိုင်တဲ့ကြွက်သားတွေ အားနည်းနေမယ်။ ထုံနေမယ်။

၃။ အရေပြားကို slit-skin smear ဓါတ်ခွဲခန်းမှာစစ်ရင် bacilli ပိုးတွေ့မယ်။

ရောဂါအမျိုးအစား ၂ ခုခွဲလို့ရလာမယ်။ Paucibacillary (PB) case နဲ့ Multibacillary (MB) case တွေဖြစ်တယ်။

PB case ဆိုတာ အရေပြား ၁ ကနေ ၅ နေရာမှာဖြစ်တယ်။

MB case ဆိုတာ အရေပြား ၅ နေရာမကဖြစ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ