High Hemoglobin Level ဟီမိုဂလိုဘင် များနေခြင်း

မဂ်လာပါဆရာအသက် ၃၈ ကျားပါ တခါတရံအရက်သောက်များတဲ့ခါကျ နှလုံးခုန်မြန်ပီး(ပြီး) သွေးတိုးလာပါတယ် 120 လောက်မြန်တာပါ ကျန်တဲ့အချိန်ကတော့ ပုံမှန်ပါပဲ နှလုံးခုန်မြန်တာ သွေးတိုးတာ မရှိပါဘူးဆရာ ဆရာဝန်ပြတော့ Ecg ဆွဲသွေးစစ်လုပ်ပါတယ်ဆရာ Ecg ပို့ထားပါတယ်ဆရာ သွေးစစ်တာလည်းပို့ထားပါတယ်ဆရာ HGB များတယ်ပြောပါတယ်ဆရာ အထူးကုနဲ့ပြဖို့လမ်းညွှန်ပါတယ်ဆရာ အဲဒါနှလုံးအထူးကုနဲ့ပြသင့်လား ရိုးရိုးအထူးကုနဲ့ ပြသင့်လား ဒါမှမဟုတ်ဒီအတိုင်း life style ပြောင်းပီး(ပြီး)နေရမလားဆရာ နယ်ရွာကဆိုတော့ သွားရလာရခက်လို့ပါဆရာ အကြံပေးပါအုံးဆရာ မြို့ပေါ်ပီး(ပြီး)ခဲ့တဲ့လလောက်က ပြထားစစ်ထားတာတွေပါဆရာ နောက်တခုက အိမ်မှာဘယ်ချိန်ပဲသွေးချိန် 130-80 မကျော်ပါဘူးဆရာ ဆေးခန်းရောက်ရင် 170-180 လောက်ဖြစ်နေပါတယ်ဆရာ အမြဲအလိုဖြစ်တာပါဆရာ ကျေးဇူးအများကြီးတင်ပါတယ်ဆရာ အကြံညဏ်ပေးပါအုံးဆရာ ဆရာဖြေပေးပါအုံးနော်ဆရာ ဆရာကျန်းမာချမ်းသာပါစေဆရာ

ဟီမိုဂလိုဘင် များနေသူ ခေါင်းကိုက်၊ ခေါင်းမူးခံစားရမယ်။ အောက်ခံရောဂါတွေ ရှိ မရှိ စစ်ရမယ်။ နောက်ဆက်တွဲတွေလည်း ဖြစ်လာနိုင်တယ်။ လူတိုင်းမှာ မဟုတ်ပါ။

• Heart attack နှလုံး အတက် ရခြင်း၊

• Stroke လေဖြတ်ခြင်း၊

• Blood clots သွေးခဲခြင်း။

ဘာကြောင့် ဖြစ်နိုင်သလဲ

• လူနေမှုပုံစံကြောင့်နဲ့ 

• အောက်ခံရောဂါတခုခုရှိခြင်း။

Lifestyle Issues လူနေမှုပုံစံဆိုတာ

• ဆေးလိပ်သောက်ခြင်း၊

• မြင့်တဲ့အရပ်ဒေသ (တောင်ပေါ်) မှာ နေထိုင်ရခြင်း၊

• ရေဓါတ်နည်းနေချိန်၊

Medical Conditions အောက်ခံရောဂါများ

• Chronic low oxygen level နာတာရှည်အောက်စီဂျင်နည်းခြင်း

• Chronic obstructive pulmonary disease (COPD) ရောဂါ။

• Heart failure နှလုံး နိုင်အောင်အလုပ်မလုပ်နိုင်ခြင်း၊

• Kidney disease ကျောက်ကပ်ရောဂါ၊

• Liver or kidney cancer အသည်း သို့မဟုတ် ကျောက်ကပ်ကင်ဆာ၊

• Polycythemia vera သွေးရောဂါ၊

• Erythropoietin ရောဂါ၊

Normal Hemoglobin ပုံမှန် ဟီမိုဂလိုဘင်

• Male ကျား = 135 to 175 g/dL 

• Female  မ = 120 to 155 g/dL

• Hemoglobin levels below 50 g/dL ထက်နည်းရင် heart failure ရနိုင်တယ်။

• Hemoglobin levels above 20 g/dL ထက်များရင် သွေးခဲရောဂါရနိုင်တယ်။

Diet Changes အစားအသောက်

• ကျန်းမာရေးနဲ့ ညီညွတ်တာ စားသောက်ပါ။ 

• သကြားဓါတ် မများစေနဲ့။ 

• အဆီ မများစေနဲ့။ 

• ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီတွေ ရှောင်ပါ။

• အသီး၊ အသီးအရွက်တွေ စာသုံးပါ။ 

• ငါး ကောင်းတယ်။ 

• အစေ့အဆံတွေ ကောင်းတယ်။

• ကိုယ်အလေးချိန် မများစေနဲ့။ 

• ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ။ ဥပမာ တပတ်မှာ အသင့်အတင့်လေ့ကျင့်ခန်း ၁၅၀ မိနစ် သို့မဟုတ် ပြင်းထန်တဲ့လေ့ကျင့်ခန်းဆိုရင် ၇၅ မိနစ်။

• အိပ်ရေးဝပါစေ။ 

• ရေသောက် မနည်းစေနဲ့။

• ဆေးလိပ်နဲ့ အရက် မတည့်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ