Norgetex ဆေး

မေးခွင့်ပြုပါ ဆရာ ကျမကို ဆရာဝန်က သောက်ဖို့ ပေးထားတဲ့ ဆေးကတ်က ဝယ်မရလို့ အလားတူ ဆိုတာ ဝယ်လာပါတယ် အဲဒါလဲ အာနိသင် တူလားရှင့် အဲဒီဆေးကိုရော စွဲသောက်လို့သင့်လား အကြံပြု ပေးပါရှင် တကတ်ကို တသောင်း ပေးခဲ့ရပါတယ် နူရိုဘီယန် အပြာက တကတ်ကို 2000/ကျပ်ပါ နူရိုဘီယန်ဆိုရင်တော့ ‌ကျမ ရေရှည် စွဲသောက်နိုင်တဲ့ ဈေးပါ အကိုက်အခဲပျောက်ဆေးက အဲဒါ ရလာပါတယ်ဆရာ အမြဲတမ်း ကိုက်ခဲနေတာတော့ မရှိလို့ လိုအပ်ချိန်ဘဲ သောက်လို့ သင့်မလား ဆရာ ‌အမှားပါလျင် ခွင့်လွှတ်ပါ ဆရာ

Norgetex ဆေးပြားကို ကြွက်သားနာကျင်မှု၊ ခေါင်းကိုက်ခြင်း၊ သွားနာသွားကိုက်ခြင်း၊ နားကိုက်ခြင်း၊ အရိုးအဆစ်များ နာကျင်ခြင်း၊ အမျိုးသမီးများ ရာသီ ဓမ္မတာ လာချိန် နာကျင်ခြင်း၊  ဖျားခြင်း၊ အအေးမိခြင်း၊ တုပ်ကွေးဖြစ်ခြင်းတို့တွင် အသုံးပြုနိုင်ပါသည်။

ဆေးပြားတွင် Orphenadrine Citrate နှင့် Paracetamol တို့ပါဝင်သည်။ Orphenadrine သည် ကြွက်သားများ လျော့စေပြီး နာကျင်မှုများကို သက်သာစေသည်။

ဘေးထွက်ဆိုးကျိုးများ

ခံတွင်းခြောက်သွေ့ခြင်း၊ ပုံမှန်မဟုတ် နှလုံးခုန် မြန်ခြင်း၊ နှလုံးတုန်ရင်ခုန်ခြင်း၊ မောပန်းခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဆီးသွားခက်ခြင်း၊ အမြင်ဝါးခြင်း၊ အားနည်းခြင်း၊ ပျို့ချင် အန်ချင်ခြင်း၊ ခေါင်းကိုက်ခြင်း။

အသုံးပြုခြင်း

- အစာမစားမီ သို့မဟုတ် အစာစားပြီး သောက်နိုင်သည်။

- ရေတဖန်ခွက်နှင့် သောက်နိုင်သည်။

- ဆေးသောက်ပြီးနောက် နာရီဝက်ခန့် လဲလျောင်းခြင်း မပြုရ။

- ပါရာဆီတမောနှင့်မတည့်လျှင်ဆေးမသောက်ရ။

- အရက်သောက်ထားလျှင် ဆေးမသောက်ရ။

- ဆေးသောက်ထားစဉ် စက်ကရိယာများ မကိုင်တွယ်ရ။

ဆေးညွှန်း

လူကြီး - ဆေးပြား ၁ - ၂ ပြား တနေ့ ၃ - ၄ ကြိမ်

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ