Simple breast cysts ကင်ဆာမဟုတ်တဲ့ ရင်သားအရည်အိတ်

(ကန်တော့)

၁။ သမီးက ညာဘက်ချိုင်းအောက်ကနေ ထိုးလိုက် ကျောလယ်ကထိုးလိုက်နဲ့ဖြစ်ပါတယ် အတော်ကြာပြီ အက်ထာရာဆောင်းရိုက်ပါတယ် ရင်သားမှာရေအိပ်တည်နေတာ နောက်တခြားရောဂါတွေတော့ မရှိဘူး ဒါပေမဲ့ အဲလိုအောက်တာ အရိုးတွေအကျောတွေ ဘာဖြစ်တတ်လဲ ဓာတ်မှန်တော့မရိုက်ရသေးဘူး အသက်က ၃၄ပါ လက်ရှိပြည်ပမှာ။

၂။ ဆရာရှင့် သမီးရင်သားမှာရေအိတ်တွေ့လို့ပါ ခွဲသင့်လား မခွဲဘဲ ထားရင်ရော အန္တရာယ်ရှိလားရှင့် သမီး အသက် ၃၃နှစ်ပါ အိမ်ထောင်မရှိပါဘူး။ ရာသီမပေါ်တာ ၅လလောက်ရှိပါပီ(ပါပြီ)ရှင့် ကျေးဇူး ပြုပြီးဖြေပေးစေလိုပါတယ်ရှင့်။

Simple breast cysts ရင်သားရိုးရိုးဆစ်

ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်။ အထဲမှာ အရည်ရှိနေမယ်။ အသက် ၃ဝ-၄ဝ အရွယ်တွေမှာ ဖြစ်တယ်။ နို့နာနိုင်တယ်။ နို့သီးအဖျားကနေ ညှစ်ရင် အရည်ထွက်နိုင်တယ်။

အရည်ပြည့်နေတဲ့အိတ်လေးမျိုးဖြစ်တယ်။ တခုတည်းရော တခုမကပါဖြစ်နိုင်တယ်။ အရွယ်အစားလဲ အမျိုးမျိုးရှိနိုင်တယ်။ နာနိုင်တယ်။ နာတာကလည်း ရာသီခွင်နဲ့အမျှပြောင်းတယ်။ ဆေးထိုးအပ်သုံးပြီး စုပ်ထုတ်နိုင်တယ်။ ကင်ဆာမဟုတ်တာသေခြာဘို့လုပ်တာလည်း ဒီလိုမျိုး လုပ်တာပါဘဲ။

ကုသရန် မလိုအပ်။ အလိုလိုပျောက်တာ များတယ်။ တနှစ်တခါ ပြန်စစ်သင့်တယ်။

Fine-needle aspiration အပ်သေးသေးနဲ့ စုတ်ယူခြင်း

တချို့သာလိုတယ်။ ပြန်လည်း ဖြစ်တတ်တယ်။

ဟော်မုန်းဆေး

ရိုးရိုးကိုယ်ဝတ်တားဆေးပေးတယ်။ အိမ်ထောင်မရှလည်း ပေးလို့ရတယ်။ လိုအပ်သူကိုသာ ပေးတယ်။

ခွဲစိတ်ကုသနည်း

လိုအပ်သူကိုသာ လုပ်တယ်။ လူတိုင်းမလိုအပ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ