Stomach cancer and foods အစာအိမ်ကင်ဆာနှင့် အစားအသောက်

အခြေခံအချက်ကတော့ အစာအိမ်ကင်ဆာရှိနေရင် အစာမကျေဖြစ်နိုင်တယ်။ 

အမေရိကားမှာတော့ ကာဘွန်ထည့်ထားတဲ့ သောက်စရာတွေ၊ အရက်၊ အစပ်များတာ၊ အချဉ်တည်တာတွေနဲ့ အချဉ်သီးတွေ၊ ကေဖင်းများတာတွေ၊ ပင်စိမ်းထည့်ထားတာတွေနဲ့ ချောကလက်တွေကို ရှောင်ခိုင်းပါတယ်။

ခံစားရနိုင်တာတွေက ပျို့မယ်၊ ဝမ်းပျက်မယ်၊ ဗိုက်အောင့်မယ်၊ လေပွမယ်၊ ရင်ပူမယ်၊ ရင်တုန်မယ်။

သကြားဓါတ်များတာ လျှော့ရမယ်။ လျှော့ဆိုတာ ရှောင်ခိုင်းတာ မဟုတ်။ 

ဟင်းချိုလို အရေများတာ သိပ်မသင့်ပါ။ မသင့်ဘူးဆိုတာ အဆိတ်ဖြစ်မှာလို့ဆိုလိုတာ မဟုတ်ပါ။

ခွဲစိတ်ပြီးသူတွေက အစားကို တခါတည်း အများကြီးမစားသင့်တော့ပါ။ နည်းနည်း နည်းနည်းနဲ့ အကြိမ်ရေ တိုးစားပါ။

အစာအိမ်ထဲက အစာကို အောက်ဆက်ဆင်းရာမှာကူညီနိုင်တဲ့ domperidone or metoclopramide (Maxalon) ဆေးကို ဆရာဝန်က ညွှန်နိုင်တယ်။

သတိထားရဦးမှာက အာဟာရပြည့်မီအောင် စားရမယ်။ ကယ်လိုရီပြည်မီအောင် ဆီ၊ အဆီ စားနိုင်တယ်။ ဖိုက်ဘာပါတာတွေ စားသင့်တယ်။

မြန်မာပြည်မှာ အရပ်ပြောစကားတွေနဲ့ ဖေ့စ်ဘွတ်ကနေပေးတဲ့အကြံတွေက မှန်တာ ရှားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ