Warning Signs of Ovarian Cancer မျိုးဥအိမ်ကင်ဆာ သတိပေးချက်များ

ယူအက်စ်အေမှာ တနှစ်မှာ အကြမ်းအားဖြင်း ၂၁၀၀၀ ယောက် မျိုးအိမ်ကင်ဆာ ဖြစ်နေကြတယ်။ ဆောရီး။

မျိုးဥအိမ်ကင်ဆာကို စောစောသိနိုင်တဲ့ သတိပေးချက်တွေက သိသိသာသာမဟုတ်လို့ အသိနောက်ကျလေ့ ရှိတယ်။ ၂၀% လောက်သာ ကင်ဆာကို စောစောသိကြတယ်။

သတိပေးချက်တွေကတော့ -

အနေရခက်သလိုဖြစ်ခြင်း၊ ရင်ပြည့်ခြင်း၊ အားနည်းခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ချင်ဖြစ်ခြင်း၊ အစာမကျေဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ခါးနာခြင်း စတာတွေ။ တခြားရောဂါလားလို့ အထင်မှားနိုင်တာတွေ။

ရာသီမမှန်ခြင်း၊ ဆီးသွားအကြိမ်ရေ များလာခြင်းတွေလည်း ဖြစ်နိုင်တယ်။

အစားပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်းတွေလည်း ဖြစ်နိုင်တယ်။ အတူနေစဉ် မနာသင့်ဘဲ နာတာလည်း ပါတယ်။ မသေချာရင် ဆရာဝန်ပြပါ။

Pap smear ခေါ် သားအိမ်ဝစစ်ဆေးခြင်းဆိုတာ မျိုးဥအိမ်ကင်ဆာအတွက် မဟုတ်ပါ။

complete pelvic exam တင်ပါးဆုံတွင်းစစ်ဆေးခြင်းနဲ့ CA-125 သွေးစစ်တာ လိုတယ်။

Cysts, Masses or Tumors ရေအိတ်၊ အလုံး၊ အကျိတ်တွေ့တာမျိုးဆိုရင်တော့ မျိုးဥအိမ်ကင်ဆာကို ပိုပြီး သံသယထားလို့ ရမယ်။

တင်ပါးဆုံတွင်းနေရာ နာခြင်းကလည်း ဖြစ်နိုင်တာတွေထဲမှာ ပါတယ်။

မျိုးဥအိမ်ကင်ဆာ ဘာလို့ဖြစ်သလဲ တိတိကျကျမပြောနိုင်ပါ။

အသက် ၅၅ နှစ်၊ သွေးလည်းဆုံးပြီးသူတွေမှာ ပိုဖြစ်တယ်။

နောက်တချက်က မိသားစုရာဇဝင်ရှိသူတွေ။

မျိုးဇီဇမှာ BRCA1 နဲ့ BRCA2 gene တွေဆိုရင် အဖြစ်များတာတွေ့ရတယ်။ genetic testing ခေါ် မျိုးဇီဇစစ်နည်းလုပ်နိုင်တယ်။ ရင်သားကင်ဆာနဲ့လည်း သက်ဆိုင်တယ်။

ရင်သား၊ အူမကြီး၊ သားအိမ်၊ endometriosis ခေါ် သားအိမ်ရောဂါ၊ ကိုယ်အလေးချိန်များခြင်း၊ ကိုယ်ဝန်မဆောင်ဘူးသူတွေနဲ့လည်း ဆက်စပ်မှုရှိနိုင်တယ်။

ကလေးနို့တိုက်ခြင်းက အဖြစ်နည်းတာတွေ့ရတယ်။

ဟော်မုန်းပါတဲ့ တားဆေးသောက်သူတွေမှာလည်း အဖြစ်နည်းတယ်။

သားကြောဖြတ်ထားသူတွေလည်း အဖြစ်နည်းတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ