Water ရေဆိုတာ
ရေနဲ့ပတ်သက်ပြီးသိချင်တာလေးမေးလို့ရမလားဆရာ
မေးလို့ရ
သောက်ရေသန့်ကို ph7 လို့သတ်မှတ်ထားတယ်ဆိုတာတော့သိပါတယ် ရေက ph များတာထက်နည်းတာဘယ်ဟာက ပိုကောင်းတာလဲဆရာ ဆားငံရေကို သောက်လို့ရအောင် ချက်တဲ့စက်ခေါ်မလား အဲ့ဒါဆင်ချင်လို့ပါဆရာ စျေးတတ်နိုင်ရင်ပေါ့ အဲ့စက်အကြောင်းလဲသိချင်လို့ပါ ကျေးဇူးတင်ပါတယ်ဆရာ။
အခြေခံအကျဆုံးအချက် - လူတိုင်းလိုလိုက နေ့တိုင်းလိုလို စာသောက်နေတာတိုင်းဟာ သင့်မှန်တယ်။ ရေဖြစ်ဖြစ်၊ အသီဒအရွက်တွေဖြစ်ဖြစ်၊ သားငါးတွေဖြစ်ဖြစ်မှာ ထူခြားတဲ့ ထူးဆန်းတဲ့ ပဉ္စလက် ခေါ် မှော်အစွမ်းတွေ မရှိပါ။ ရိုးရိုးတည့်တည့်တွေသာ ဖြစ်တယ်။
တချို့က ဒါကိုစားရင် ကင်ဆာပျောက်တယ်၊ ဆီးချိုပျောက်တယ်၊ အသားဖြူမယ်၊ အရပ်ရှည်မယ်၊ လူပျို-အပျို ပြန်ဖြစ်မယ် (ကန်တော့) ပြောနေ၊ ရေးနေ၊ ရောင်းနေကြတယ်။ မဟုတ်ပါ။ မမှန်ပါ။
သောက်ရေ သုံးရေဆိုတာလည်း အထူးအဆန်းလုပ်ပြောတာတိုင်းက မှန်လေ့မရှိပါ။ တိတိကျကျသိလိုရင် 'လင့်' တွေကိုဖတ်ပါလေ။
ကျွန်တော် ရေနဲ့ပတ်သက်ရေးခဲ့တာတွေထဲက နည်းနည်းစီထုတ်နုတ်ရရင် -
• ရေသန့်ဗူးကောင်းပါတယ်။ တံဆိပ်ကောင်းဆိုရင် ရေကတဆင့်ကူးစက်ရောဂါတွေ မရစေနိုင်ပါ။ ရေချမ်းစင်ကရေ ကောင်းပါတယ်။ အဲဒီရေသောက်ပြီး ရေငတ်ပြေခဲ့ကြသူတွေ မရေတွက်နိုင်ပါ။ လက်ယက်တွင်းထဲကရေ ကောင်းပါတယ်။ ယမားချောင်းဘေး မွေးတဲ့သူမှန်သမျှ အသက်ဆက်ခဲ့နိုင်ကြတယ်။
• ရေတိုင်ကီရေဆူရင် ကားနား၊ ကြားရွာမှာ ဆင်းမဲ့လူရှိရင်ကားရပ်၊ မတ်တတ်သစ်ပင်ရေချမ်းစင်မှာ အရိုးတပ် အုန်းမုတ်ခွက်နဲ့သောက်ရေ ပုလင်းရေထက်အေးမြ၊ ရေကတဆင့်ကူးစက်ရောဂါ မပေါလှသေးတဲ့ကာလ။
• ရေနဲ့စွမ်းအင်ဟာ ဆင်းရဲမှုပပျောက်ရေးကို တိုက်ရိုက်သက်ရောက်စေနိုင်ပြီး၊ ထောင်စုနှစ်ဖွံ့ဖြိုးရေးရည်မှန်းချက် တွေထဲက ရေရရှိရေး၊ သန့်ရှင်းရေး၊ ပါဝါနှင့် စွမ်းအင်ပင်ရင်းများကိုလဲ သွယ်ဝှိုက်ပြီးသက်ရောက်စေပါတယ်။ မြန်မာနိုင်ငံမှာ ဆီကိုရေချိုး ဆေးရိုးမီးလှုံတဲ့ခေတ်ကနေ တရွေ့ရွေ့လျောကျပြီး ရေကိုတောင်မှ ယ်သောက်နေကြရပါပြီ။ မြစ်ရေကို အားပြုပြီး အသက်မွေးနေသူတွေမှာလဲ လုပ်ကွက်တွေ ကျဉ်းသထက်ကျဉ်းပြီး ပျောက်ကွယ်လာနေပါတယ်။ တိုင်းပြည်ရဲ့ အသက်သွေးကြောလို့တင်စားတဲ့ ဧရာဝတီ၊ သံလွင်နဲ့ ချင်းတွင်းမြစ်ကြီးတွေကိုလဲ ရောင်းစားခံနေရပါပြီ။ တချိန်မှာ ကိုယ့်အိမ်ထဲမှာ ကိုယ့်ဖါသာတူးထားတဲ့ရေတွင်းတွေကို အခွန်လာမကောက်ဘူး မပြောနိုင်ပါ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အရင်းအမြစ်ဆိုတာ သူများနိုင်ငံအတွက်သာ ဖြစ်နေရတဲ့ဘဝကို ရောက်လာနေပါပြီ။
1. Alkaline water အယ်လ်ကာလိုင်းရေ https://dr-tint-swe.blogspot.com/2021/05/alkaline-water.html
2. Boiling Bottled Water ရေသန့် ရေနွေးကြမ်း https://dr-tint-swe.blogspot.com/2022/02/boiling-bottled-water.html
3. Bottled Purified Water ရေသန့် ရေနွေးကြမ်း https://dr-tint-swe.blogspot.com/2021/08/blog-post_351.html
4. Bottled Water Questions ရေပုလင်း မေးခွန်းများ https://dr-tint-swe.blogspot.com/2021/05/bottled-water-questions.html
5. Chlorine ကလိုရင်းနဲ့ပိုးသန့်ထားတဲ့ရေကို အပူပေးသောက်သုံးရင် အန္တရာယ်မရှိပါ https://dr-tint-swe.blogspot.com/2021/06/chlorine.html
6. Emergency Disinfection of Drinking Water အရေးပေါ်ရေသန့်နည်း https://dr-tint-swe.blogspot.com/2021/06/emergency-disinfection-of-drinking-water.html
7. Flux for hot water ရေနွေးညသိပ်မြွေအဆိပ်တဲ့ မှား၏ https://dr-tint-swe.blogspot.com/2021/05/flux-for-hot-water.html
8. How much water ရေဘယ်လောက်သောက်ရမလဲ https://dr-tint-swe.blogspot.com/2021/07/how-much-water.html
9. The Rainwater မိုးရေ https://dr-tint-swe.blogspot.com/2021/09/safety-of-drinking-rainwater.html
10. Water and pH ရေသန့်ဆိုတာ https://dr-tint-swe.blogspot.com/2021/05/water-and-ph.html
11. Water and pH ရေသန့်ဆိုတာ https://dr-tint-swe.blogspot.com/2021/05/water-and-ph.html
12. Water pH မဟုတ်တာဆို ပိုမေးကြတယ် https://dr-tint-swe.blogspot.com/2021/01/bottled-water.html
13. Water Please ရေ https://dr-tint-swe.blogspot.com/2021/05/water-please.html
14. Water Please ရေ https://dr-tint-swe.blogspot.com/2021/05/water-please.html
15. Water poisoning ရေအဆိပ်သင့်ခြင်း https://dr-tint-swe.blogspot.com/2021/07/water-poisoning.html
16. Water မှားသော ရေပညာပေးပို့စ် https://dr-tint-swe.blogspot.com/2021/05/water.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment