ဉာဏ်ကောင်းတဲ့ဆေး မရှိပါ
ဥာဏ်ကောင်းတဲ့ အားဆေးတိုက်ရင် ထိရောက်နိုင်ပါသလား ဆရာရှင့်
ဉာဏ်ကောင်းတဲ့ဆေး မရှိပါ။
အသားဖြူတဲ့ဆေး မရှိပါ။
အရပ်ရှည်တဲ့ဆေး မရှိပါ။
အသက်ငယ်သူလို ပြန်ဖြစ်ဆေး မရှိပါ။
တမိသားစုထဲက ညီအကိုမောင်နှမတွေ စာလိုက်နိုင်တာ စာတော်တာ မတူကြပါ။
သန္ဓေကတည်းကပါလာတဲ့ မျိုးဗီဇ၊ လေ့လာသင်ယူမှု၊ ကိုယ်တိုင်အားထုတ်မှု၊ ပတ်ဝန်းကျင် စတဲ့ အချက်အလက်တွေအရ စာတော်တယ်၊ သင့်တယ် ဖြစ်လာကြပါတယ်။
ကျောင်းမှာ စာမတော်ပေမဲ့ အသက်မွေးမှုများ တော်တဲ့သူတွေလည်း ရှိတယ်။
ထူးထူးခြားခြား အောင်မြင်သူတွေလည်း နည်းနည်းပါးပါ ရှိတယ်။
ကမ္ဘာ့ထိပ်တန်းရောက်သူတွေ အားဆေးကြောင့် တော်ကြတာ မဟုတ်ပါ။
ကြော်ငြာဆေးတွေကတော့ ပေါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment