အားနာနာနဲ့ ရေးပါတယ်

ဆရာ မင်္ဂလာပါ၊ ကျမအသက် ၄၉၊ အိမ်ထောင်ရှိ ကလေးမရှိပါဆရာ၊ ရာသီလဲမှန်ပါတယ် (ကန်တော့) ကျမနစ်အကုန် medical check up လုပ်တာ TSH 17 ကျော်လို့ ဆရာဝန်ညွှန်ကြားချက်နဲ့ T4 100 တနေ့တစိတ်သောက်နေရပါတယ်ဆရာ၊ ကျမသူငယ်ချင်းက လည်ပင်းသိုင်းရွိုက်ကြောင့်ခွဲစိတ်ထားဖူးပြီး အခုပုံပါဆေးသောက်ဖို့တိုက်တွန်းလို့ သောက်လို့ရမရ သိချင်လို့ပါရှင့်။ကျေးဇူးတင်ပါတယ်ဆရာ။

ကြော်ငြာဆေးဖြစ်တယ်။ ကောင်းတယ်လို့လည်း ရေးကြတယ်။ ဆရာဝန်တွေကတော့ မညွှန်ပါ။

အဲလိုဆေးမျိုးတွေဟာ သောက်ရင် ဆိုးကျိုးတော့ မဖြစ်လောက်ပါ။ ရောင်းကောင်းအောင် USA ယူအက်စ်အေတို့ UK ယူကေတို့အမည်ပါလေ့ရှိကြတယ်။ 

ဖေ့စ်ဘွတ်မှာလည်း ဆေးနည်းမှားရေးတဲ့သူကို NY နယူးယော့လို့ တပ်ထားတာတွေ့တယ်။ အမေရိကားနေဆရာဝန်ကြီး ဆရာဝန်မကြီး စတာတွေလည်း မကြာခဏ တွေ့ရတယ်။ မြန်မာပြည်မှာတော့ ရွှေတံဆိပ်ရလို့ ပါလေ့ရှိတယ်။ 

FDA အသိအမှတ်ပြုဆိုတိုင်းလည်း သတိထားရမယ်။ FDA က ရောင်းချခွင့်ပြုတာသာဖြစ်တယ်။ ဒီဆေးက ဒီရောဂါတွေကို ပျောက်စေမယ်လို့ အာမခံချက်ပေးတာ မဟုတ်ပါ။ ဆေးသောက်ရင် ဆိုးဝါးတာတွေ မဖြစ်လောက်တာကို အသိအမှတ်ပြုတာသာဖြစ်ပါတယ်။ လျှောက်လွှာမှာ မာလ်တီဗီတာမင်၊ ဖြည့်စွက်စာ၊ အားဆေးဆိုရင် လွတ်စေလုပ်ပါတယ်။ အဲဒါနဲ့ ဖေ့စ်ဘွတ်ပေါ်က ဖြည့်စွက်စာဈေးကွက်ကြီး ကြီးမားတယ်။ 

အားနာနာနဲ့ ရေးပါတယ်။ ဆောရီး။

တနေ့တစိတ်လို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ