တမာဖူးက ပေါ်ဦးပေါ်ဖျား

တပိဿာ ၉၀၀၀ အခုနေများစားရင် သွေးတိုးအခံလေးနဲ့တည့်မယ်မထင် တဲ့။

တမာရွက်ရဲ့ ကျန်းမာရေးကျေးဇူးတွေကို အင်္ဂလိပ်လို ဝဘ်ဆိုက်တွေမှာ တန်းစီရေးထားကြတယ်။ ကင်ဆာကစတယ်။ ဆီးချိုလည်းပါတယ်။ အနာရောဂါတွေလည်းပါတယ်။ အရွက်အခေါက် စတာတွေကို ဆေးအဖြစ်သုံးကြတယ်။

Neem ခေါ် တမာ(အရွက်၊ အခေါက်၊ အစေ့တွေ) ထဲမှာ Azadirachta indica ဓါတ်ပါတယ်။ အိန္ဒိယမှာ သိပ္ပံနည်းကျ လေ့လာမှုတွေ လုပ်ထားတယ်။ hyperglycemia ခေါ် သွေးထဲသကြားဓါတ်များခြင်း (ဆီးချို) နဲ့ hypertension ခေါ် သွေးတိုးအတွက် အကျိုးရှိစေတယ်လို့ ကောက်ချက်ချထားတယ်။ သုတေသနပြုမှုအရေအတွက် နည်းသေးလို့ ဆက်လုပ်သင့်တယ်လို့ ဆိုပါတယ်။

မြန်မာပြည်သူပြည်သား ၉၉% လောက်က တမာရွက် တက်သတဲ့။ သွေးတိုးတက်တာလား သစ်ပင်ပေါ် တက်တာလား မသိ။ မေးကြည့်တော့ တယောက်တမျိုး။

အိန္ဒိယသုတေသနအရ တမာရွက်က သွေးတိုးကိုထိန်းနိုင်တယ်။ ဒါပေမဲ့ ဒါပေမဲ့ တမာရွက်နဲ့တွဲစားတဲ့ ငပိချက်၊ ငန်ပြာရည်၊ ငပိရည်တွေထဲမှာပါတဲ့ ဆိုဒီယမ် ခေါ် ဆားဓါတ်ကြောင့် သွေးတိုးတက်ပါမယ်။

စာရေးတဲ့ဆရာဝန် တမာရွက် မရောင်းပါ။ ဝယ်စားပါတယ်။ 

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ