Cancer ကင်ဆာကို လူကြိုက်များအောင် ရေးနေကြသလား မသိ

(စ) တလောကလုံးမှာ ကျွန်တော် မစော်ကားဝံ့ဆုံး လူတယောက်ဟာ မမခိုင်ပါပဲ။ မမခိုင်ကို စော်ကားကြတဲ့ သမုတ်ကြတဲ့၊ စွပ်စွဲကြတဲ့ လူတွေရဲ့ သရော် လှောင်ပြောင်ချက်ကို ဂရုမထားပဲ မမခိုင်ကို ကျွန်တော် ချစ်ခဲ့တယ်။ ချစ်ခဲ့တယ် ဆိုတဲ့ စကားဟာ မှားပါတယ်၊ ကိုးကွယ်ခဲ့မိတယ်။ အဲ့လို ကိုးကွယ်ခဲ့မိတာလဲ ကျွန်တော်မှားတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုးကွယ်သူတွေဟာ ဘယ်တော့မှ ပိုင်ဆိုင်ခြင်းကို မရဘူး။

ကိုယ်က ပူဇာ်ရတာပဲရှိတယ်။ (ဆုံး) (တက္ကသိုလ်ဘုန်းနိုင် - သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်)

တက္ကသိုလ်ဘုန်းနိုင်ကလောင်အမည်နဲ့ တင်တဲ့စာတွေက သတ်ပုံမှန်တာ အလွန်ရှားတယ်။ ဒီစာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

တက္ကသိုလ်ဘုန်းနိုင်အရင်က မြင့်ကျော်၊ မြင့်နီ၊ ကရမက်ဆိုတဲ့ကလောင်တွေနဲ့ ရေးတဲ့စာအုပ်တွေဟာ ရည်းစားစာရေးနည်းလို့ သတ်မှန်လို့ရတယ်။ အဲဒီခေတ်ကလည်း ရည်းစားစာခေတ်။ 

အခုတော့ ဖေ့စ်ဘွတ်ကနေ ရေးချင်ရာရေးကြပြီ။ သတ်ပုံမမှန်ရင်ပိုတောင် လူကြိုက်များသလား မသိပါ။ လူငယ်တွေရေးတာကို သိတ်မဖတ်ဖြစ်လို့ မသိတာ။ 

ကင်ဆာမျိုးစုံနဲ့ ရောဂါမျိုးစုံစာတွေကိုတော့ နေ့တိုင်း ဖတ်တော့ သိတယ်။ မှန်အောင်ရေးတာရယ်လို့ အတော်ကိုရှားတယ်။ ကင်ဆာမေးခွန်းကို လူကြိုက်များအောင် ရေးနေကြသလား မသိ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ