Diclofenac ဆေး Aspirin ဆေး
Diclofenac ဆေးက ဘေးထွက်သက်ရောက်မှုရှိလို့ (အက်စပရင်) ကိုသာပေးရ တယ်ဆိုတာ သွေးကျဲဆေးကို ပြောတာလား ဆရာ။ ဒူးနာတာအတွက် ဆေးပြောင်းသောက်ချင်လို့ပါရှင့်။
ဆေးတိုင်းမှာ ဘေးထွက်သက်ရောက်မှုတွေ ရှိတယ်။ နည်းနည်းဖြစ်၊ အသင့်အတင့်နဲ့ ဆိုးတာတွေလို့ မတူပါ။ ရောဂါနဲ့ ချင့်ချိန်ပြီး ပေးပါတယ်။
အနာသက်သာဆေးတွေကလည်း အမျိုးမျိုး။ အသုံးတွေ မတူကြပါ။
သိတလိုတဲံရောဂါ၊ သိချင်တဲ့ဆေးအကြောင်းတွေ ဆရာ့ဘလော့မှာ ရှိတယ်။ ရှာလို့လည်း လွယ်ကူတယ်။
Diclofenac ဒိုင်ကလိုဖင်းနစ် အနာသက်သာဆေး https://dr-tint-swe.blogspot.com/2021/12/diclofenac.html
Aspirin (acetylsalicylic acid) အက်စ်ပရင် https://dr-tint-swe.blogspot.com/2021/11/aspirin-acetylsalicylic-acid.html
Knee joint pain ဒူးနာ https://dr-tint-swe.blogspot.com/2021/07/knee-joint-pain.html
ဒေါက်တာတင့်ဆွေ
Comments
Post a Comment