Eating more tomatoes daily may help lower high blood pressure ခရမ်းချဉ်သီး ပိုစားပါက သွေးတိုးကျနိုင်

အသစ်ထွက်တဲ့ လေ့လာမှုတခုက အဲလိုဆိုပါတယ်။ အသက်မငယ်တော့သူတွေအတွက်ပါ သွေးတိုးဖြစ်မှာကို ကာကွယ်နိုင်တယ်လို့လည်း ဆိုတယ်။ 

လူဦးရေ ၃ ပုံ ၁ ပုံအထိတဲ့။ အတိအကျဆိုရရင် စမ်းသပ်သူတွေရဲ့ ၃၆% မှာ အဲလိုအကျိုးကျေးဇူးတွေရတယ်။

ခရမ်းချဉ်သီး ထဲမှာပါတဲ့ Lycopene ဓါတ်က သွေးကြောနံရံတွေအတွက် ကောင်းတယ်။ ပိုတက်ဆီယမ်ဓါတ်လည်း များတယ်။ သွေးတိုးရှိနေပြီးသူတွေစားလည်း အကျိုးရနိုင်တယ်။

လူပေါင်း ၇၀၅၆ ယောက်ကို လေ့လာခဲ့တာဖြစ်ပါတယ်။ သူတို့ထဲက ၈၂့၅% မှာ သွေးတိုးရှိတယ်။

အုပ်စု ၄ ခုခွဲတယ်။

တနေ့မှာ ခရမ်းချဉ်းသီး 44 grams ထက်နည်းစားသူများ၊

44–82 grams စားသူများ၊

82–110 grams စားသူများနဲ့

110 grams မက စားသူများ။

အသေးစိတ် ဘာသာမပြန်တော့ပါ။ ခရမ်းချဉ်သီးစားတာ ကောင်းတယ်။ ကျောက်ကပ်မကောင်းသူတွေနဲ့ လေနာအတွက်တော့ စာသီးခြား ရေးထားပါတယ်။

ခရမ်းချဉ်သီးက ငှက်သိုက်၊ လောက်သေ၊ ဆေးအိုးဗုတ်၊ အောက်မဲညို စတာတွေထက် ကောင်းတယ်။ ကိုင်းခရမ်းချဉ်သီးလည်း ကောင်းတယ်။ မကိုင်းတဲ့အသီးတွေလည်း ကောင်းတယ်။

ဆရာဝန်က ခရမ်းချဉ် မရောင်းပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ