Foley Balloon Catheter ဆီးပိုက်

မဂ်လာပါဆရာရှင့် သမီးအဘွားအခုလိုဖြစ်စဉ်အတိုင်းဖြစ်တာပါ ဆရာဝန်က ဆီးလမ်းကြောင်းနဲ့ အမျိုးသမီးသားအိမ်လမ်းကြောင်းစစ်ခိုင်းပါတယ်ရှင် Balloon လေးကဘယ်လို လဲရမလဲဆရာ ဆီးပိုက်မှာ တခါထဲ(တည်း) ပါပြီးသားလားရှင်

ပုံပါအတိုင်း ဖြစ်တယ်။ သူနာပြုဆရာမတွေလည်း လုပ်ပေးနိုင်တယ်။ ဆီးပိုက်သွင်းပေးပြီး အဖျားပိုင်းက ဆီးအိမ်ထဲရောက်ရင် ဆေးထိုးအပ်နဲ့ မိုးရေသွင်းပေးမှ ဘူပေါင်း ဖောင်းလာမယ်။ ရေဘယ်လောက်ထိ ထည့်ရမဲ့ ဆီးပိုက်မှာ ရေးထားတယ်။ ဆွဲချွတ်လည်း ဆီးပိုက် ပြုတ်မထွက်တော့ပါ။ ရက်ကြာရင် ထည့်တဲ့ရေ နည်းလာလို့ အသစ်လဲပေးရတယ်။ ပိုးမဝင်အောင် ဂရုစိုက်ရတယ်။ အမျိုးအစားအရ ရက်ကြာကြာထားလို့ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ