Hypertension သွေးတိုးအမြန်ကျဆေး

ဆရာရှင် ကျမ အမေ ယခု ညဘက်ကြီးမှာ အမျိုးသမီး၊ အသက် ၆၇ နှစ်၊ သွေးဖိအား အပေါ်သွေး ၁၈၀၊ အောက်သွေး ၁၀၀ ရှိနေပါတယ်ရှင် ဆေးကုန်နေလို့သောက်နေကြဆေး ၂ရက် မသောက်ဖြစ်ဘူး ပြောပါတယ်ရှင်။ ယခုတော့  သွေးကျဆေး telma 40mg တလုံး သောက် ထားပါတယ်ရှင်။ ဘယ်လိုလုပ်ပေးရင် မြန်ဆုံး သက်သာ လာနိုင်သေးလဲရှင်။ ဆေးရုံ သွားဖို့ လမ်းခရီးက အဆင်မပြေလို့ပါရှင်။

သွေးတိုးအမြန်ကျဆေး

Nifedipine နဲ့ captopril ဆေး ၂ မျိုးဟာ သွေးဖိအားတက်နေတာကို အမြန်ကျစေနိုင်တယ်။ ဆေးသောက်ပြီး နာရီဝက် တနာရီအတွင်းကျမယ်။

Clonidine ဆေးနဲ့ labetalol ဆေးတွေက နှေးတယ်။ ၂ နာရီကနေ ၄ နာရီကြာမှသာ ကျတယ်။

သွေးတိုးရှိနေသူ -

1. သွေးကျဆေး အမြဲသောက်ရမယ်။ 

2. အငန်လျှော့စားရမယ်။ 

3. ဆီးချိုရှိသလား စစ်ရမယ်။ 

4. ကိုယ်အလေးချိန် ထိန်းရ ချရမယ်။ 

5. ကိုလက်စထော များသလားလည်း စစ်ရမယ်။

Hypertension (1) သွေးတိုးရောဂါ (၁) https://dr-tint-swe.blogspot.com/2021/01/hypertension-1.html

Hypertension (2) သွေးတိုးရောဂါ (၂) https://dr-tint-swe.blogspot.com/2021/01/hypertension-2.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ