Metastatic Breast Cancer Diagnosis ပြန့်နေပြီဖြစ်တဲ့ ရင်သားကင်ဆာလို့ သိတာနဲ့ ဘာလုပ်သင့်သလဲ

ပြန့်နေပြီဖြစ်တဲ့ ရင်သားကင်ဆာဆိုတာ အဆင့် ၄ ရောက်နေပြီ။ ရင်သားကနေ ကိုယ်ခန္ဓာတခြားနေရာတွေဆီ ရောက်နေပြီ။ ဆောရီး။
ရုတ်တရက် အဲလိုသိလိုက်တာနဲ့ လူနာအများစုဟာ ဝမ်းနည်းမှု၊ ဒေါသနဲ့ မယုံနိုင်မှု ဖြစ်ကြတယ်။
ရိုးရိုးတည့်တည့်ပြောရရင်တော့ ပျောက်အောင်ထိတော့ ကုသလို့ မရနိုင်တော့ပါ။ ဆောရီး။
ဒါပေမဲ့ တတ်နိုင်တာတွေ လုပ်ပေးနိုင်ပါတယ်။ နေရတဲ့ကာလ အရည်အသွေးကောင်းအောင်၊ ခံစားရတာတွေ သက်သာရာရအောင်၊ မကုသတော့ဘဲနေတာထက် အသက်ပိုရှည်အောင် စသည်။
စိတ်လှုပ်ရှားမှုနဲ့ ခံစားချက်ကို ကြိုးစား ပြုပြင်ရပါမယ်။
ဘာတွေ လုပ်နိုင်သလဲ -
၁။ အသင့်မှန်ဆုံးဆရာဝန်ကို ရွေးချယ်ပါ။
၂။ ဆရာဝန်ကို သိလိုတာမှန်သမျှ မေးမြန်းပါ။
(က) ရောဂါအဆင့်ဘယ်လောက်လဲ၊
(ခ) ရောဂါအမည်အတိအကျ ဘာလဲ၊
(ဂ) ရောဂါ အဆင့်ကွဲကဘာလဲ၊
(ဃ) ကုသမှုရဲ့ ဘေးထွက်သက်ရောက်မှုတွေ၊
(င) ကုသပေးကြမဲ့ဆရာဝန်များအဖွဲ့၊
(စ) အလားအလာ၊ ခန့်မှန်းရ အတော်တော့ ခက်ခဲ့တာလည်း သိနားလည်ထားပါ။ 
၃။ ဆေးကုသမှုမှတ်တမ်းကို သိမ်းထားပါ။ အလွယ်တကူရနိုင်တဲ့နေရာမှာ ရှိပါစေ။
၄။ ဆရာဝန်ဆီ မလာမီ မေးလိုသမျှ စာနဲ့ ရေးချခဲ့ပါ။
၅။ မိသားစုဝင် သို့မဟုတ် သင်ယုံကြည်ရသူတဦးကို ခေါ်လာပါ။
၆။ အိမ်ပြန်ရောက်တော့ မေးလိုတာရှိသေးလည်း ဆရာဝန်ဆီ ဖုန်းဆက်ပါ။
မနေ့ကလည်း တပုဒ်တင်ပြထားသေးတယ်။ ရင်သားကင်ဆာကို ကျော်လွှားနိုင်ကြပါစေသတည်း။
Metastatic Breast Cancer ပြန့်နေပြီဖြစ်တဲ့ ရင်သားကင်ဆာ အထင်မှားများအား ရှင်းပြခြင်း https://dr-tint-swe.blogspot.com/2024/01/metastatic-breast-cancer.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ