Metastatic Breast Cancer ပြန့်နေပြီဖြစ်တဲ့ ရင်သားကင်ဆာ အထင်မှားများအား ရှင်းပြခြင်း

ရင်သားကင်ဆာ အဆင့် ၄ သို့မဟုတ် Metastatic breast cancer (MBC) ပြန့်နေပြီဖြစ်တဲ့ ရင်သားကင်ဆာလို့ ခေါ်တယ်။ အများအားဖြင့် ကင်ဆာကို စောစောကုသထားပြီးနောက်ပိုင်းမှာ ဖြစ်လာလေ့ရှိတယ်။

၁။ ဒီအဆင့်ဆိုရင် သေတော့မှာဘဲလို့ ထင်တာ မမှန်ပါ။ တခြားအဆင့်တွေထက် ဆိုးတာတော့ မှန်ပါတယ်။ အခု ကုသနည်းသစ်တွေပေါ်လာပြီ။ ကင်ဆာအရွယ်အစား သေးလာစေနိုင်တယ်။ အသက်ရှင်နှုန်းလည်း ရှည်လာတာရှိပါတယ်။

၂။ အဆုတ်ကို ပြန့်နေတာကို အဆုတ်ကင်ဆာလို့ မခေါ်ပါ။ ဘယ်နေရာကို]ပြန့်ပြန့် မူရင်း ကင်ဆာရောဂါ အမည်ကိုသာ ခေါ်ပါတယ်။

၃။ ဒီအဆင့်ကို ကုသရာတာဟာ တခြားအဆင့်တွေနဲ့ မတူပါ။ စောစောပိုင်းအဆင့်တွေထက် ပိုပြီး ကုသရပါမယ်။ အချိန်ပိုယူမယ်။

၄။ ပျောက်နိုင်တယ်လို့ ထင်တာတော့ မမှန်ပါ။ ဆောရီး

၅။ ၅ နှစ်အသက်ရှင်နှုန်း အရင်ကထက် တိုးတက်လာပါတယ်။

အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အရွယ်လူနာတွေကို လေ့လာတော့ -

၁၉၉၂-၁၉၉၄ တုန်းက ၅ နှစ်အသက်ရှင်နှုန်း ၁၈% ရှိရာကနေ ၂၀၀၅-၂၀၁၂ မှာ ၃၆% ရှိလာတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ