Nutritional supplements and cancer ကင်ဆာနှင့် ဖြည့်စွက်စာ

အားနာနာနဲ့ ရေးပါသည်။ ဘာကင်ဆာဖြစ်ဖြစ်၊ ကင်ဆာဘယ်အဆင့်ဖြစ်ဖြစ် ဖြည့်စွက်စာ ဖြည့်စွက်စာ လုပ်နေကြသူများအတွက် ရေးပါမယ်။
ကိုဗစ်တုန်းကလည်း ဖြည့်စွက်စာတွေကို တယောက်ပြီးတယောက်က တင်ခဲ့ကြတယ်။ ဒီအမည်တွေက အတူတူ။ ရောဂါ မတူပါခင်ဗျား။
အင်္ဂလိပ်လိုရေးတာကို မထည့်တော့ပါ။ မည်သည့် ဓါတ်စာတွေ၊ အာဟာရဖြည့်စွက်စာတွေကမှ ကင်ဆာကြီးထွားမှုကို မတားဆီးနိုင်ပါ၊ မပျောက်စေနိုင်ပါ။ အဲဒီဟာတွေကနေ ကုသမှုကို နှောင့်နှေးစေမလားဆိုတာ သင့်ကိုကုသပေးတဲ့ အထူးကုကို အရင်မေးပါလေ။
ဓါတ်စာတွေ၊ အာဟာရဖြည့်စွက်စာတွေဟာ လူတိုင်း စားသုံးတာတွေ ဖြစ်ပါတယ်။ မကောင်းတော့ မရှိလောက်ပါ။ 
လိုသလား -
ကင်ဆာကိုကုသရတာ အင်မတန် ပိုက်ဆံကုန်တယ်။ ဆေးစစ်ရတာကိုက အတော်ကုန်ကျတယ်။ ဓါတ်စာတွေ၊ အာဟာရဖြည့်စွက်စာတွေအတွက် အပိုအကုန်မခံသင့်ပါ။ 
နောက်တခုက ( - ) ထုတ်တဲ့ ဖြည့်စွက်စာ ကောင်းတယ်။ ကောင်းသလား နေ့တိုင်းလိုလို ဖတ်ရတယ်။ ထုတ်လုပ်တဲ့ ကုန်အမည် မထည့်တော့ပါ။ အားနာရတယ်။
အင်းရှူးဝါး -
Ensure အင်းရှူးဝါးကို ၁၉၇၃ ခုနှစ်မှာ စပြီး ဈေးကွက်တင်ပါတယ်။ ကင်ဆာသမိုင်းက ရှေးဟောင်းအီဂျစ်ကနေ စတင်တာဖြစ်တယ်။
အင်းရှူးဝါးကို နွားနို့ကနေ စီမံထုတ်လုပ်တယ်။ နွားနို့ထက် ဈေးကြီးတယ်။
ENSURE PLUS NUTRITION SHAKE 8 fl oz bottle / Case of 24 = $64.63
8 fl oz = $2.69
$4.33 per gallon for conventional whole milk, 
$4.27 per gallon for conventional reduced fat 2% milk, 
$4.81 per half gallon organic whole milk,  
$4.81 per half gallon organic reduced fat 2% milk.
1 gallon = 128 fluid ounces
4.84 / 128 = $0.04 x 8 = $0.30
ဈေးအကြီးဆုံး အင်းရှူးဝါး ၈ အောင်စတန်ဘိုး = $2.69
မလိုင် ၂% ပါတဲ့ နွားနို့ ၈ အောင်စတန်ဘိုး = $0.30
ခြားနားချက်က ပြား ၃၀ နဲ့ ၂ကျပ်ခွဲ။
ဘယ်လိုနည်းက ကင်ဆာအသက်ရှင်နှုန်း တိုးစေသလဲ -
ကိုယ်လက်လေ့ကျင့်ခန်းလုပ်သူတွေက မလုပ်သူတွေထက် ၂၅% ပိုတာတွေ့ရတယ်။
အကြံပြုချက် -
- ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
- ဖြည့်စွက်စာအတွက် တကယ်မလိုသူတွေက ငွေအပိုကုန်မခံသင့်။
- လူနာမေးလက်ဆောင်အဖြစ် အင်ရှူးဝါး ပေးတာတော့ကောင်းပါတယ်။ 
- လူနာလည်း လက်တို့စ်ဓါတ် ခံနိုင်ရည်မရှိသူ မဟုတ်ရင် သောက်နိုင်တယ်။ 
- သုတေသနမရှိတဲ့ အရပ်ပြော၊ ဖေ့စ်ဘွတ်ရေး ဖြည့်စွက်စာတွေကို ရှောင်ပါလေ။
- ကင်ဆာနဲ့ အစားအစားစာတွေ မကြာခဏ တင်ပြထားတယ်။ ဘလော့မှာ အမြဲရှိတယ်။
- ချမ်းသာသူတွေကတော့ သဘောပါဘဲ။ 
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ