Pinched nerve ဆိုတာ

ဆရာရှင့် အကြောညှပ်တာကို English လို ဘယ်လို ခေါ်လဲရှင့် ကျေးဇူးတင်ပါတယ် ဆရာ ခါးကြောညှပ်

အရပ်သုံး ရောဂါအမည်တချို့က ဆေးပညာဝေါဟာရတွေနဲ့ ကိုက်ညီခြင်း မရှိပါ။

အကြောဆိုတာ Nerve အာရုံကြောကို ဆိုလိုချင်တာလို့တော့ ထင်ရတယ်။ သွေးလွှတ်ကြော၊ သွေးပြန်ကြောနဲ့ ကြွက်သားအဖျားပိုင်း Tendon ကိုလည်း အကြောလို့ သုံးသေးတယ်။

ခါးမှာ ဘာဖြစ်နေသလဲသိရမှသာ ရောဂါအမည်ကို စဉ်းစားလို့ရနိုင်တယ်။

ဖြစ်လေ့ရှိတာက ခါးဆစ်အရိုးနုက နောက်ဘက်ကိုကျွံထွက်နေပြီး ခါးရိုးမကြီးကြီးကိုဖြစ်စေ၊ သူကနေထွက်တဲ့ အာရုံကြောတွေကိုဖြစ်စေ ဖိထားခံရလို့ နာတာရှိတယ်။ Herniated Disk. A prolapsed (herniated) disc လို့ ခေါ်တယ်။

နောက်တမျိုုးက Sciatica ဆိုတာ ပေါင်နောက်ဖက်နေရာကို အလုပ်လုပ်ပေးနေတဲ့ အာရုံကြောဖိခံထားရခြင်း။

Pinched nerve ဆိုတာ အာရုံကြောအပေါ်ဖိအားသက်ရောက်နေခြင်း။

စောစောကတင်ပြထားတဲ့ herniated disk ဖြစ်ခြင်းအပြင် လက်ကောက်ဝတ်နေရာမှာဖြစ်တာကို carpal tunnel syndrome လို့ ခေါ်တယ်။

လည်ပင်းမှာလည်း ဖြစ်နိုင်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ