Simple breast cyst ကင်ဆာမဟုတ်တဲ့ အရည်အိတ်

- ရင်သား မှာ ရေအိပ်(ရေအိတ်)တည်တာ ပျောက်ဖူးသူတွေ ကိုယ်တွေ့လေး မျှဝေပေးပါရှင့်

- သံလွင်ဆီတဇွန်းနဲ့ နနွင်းမူန့်စစ်စစ်ကို မနက်တိုင်းဖျော်သောက်ရင် ရေအိတ်သေးသွားတယ်လို့ သိရပါတယ်

ဆရာဝန်ကို မေးတာမဟုတ်ပါ။ ဆရာဝန်မဟုတ်သူလို့ထင်ရသူ ဖြေတာတာလည်း ဖတ်ရတယ်။

Simple breast cyst ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်။ အထဲမှာ အရည်ရှိနေမယ်။ အသက် ၃ဝ-၄ဝ အရွယ်တွေမှာ ဖြစ်တယ်။ နို့နာနိုင်တယ်။ နို့သီးအဖျားကနေ ညှစ်ရင် အရည်ထွက်နိုင်တယ်။တခုတည်းရော တခုမကပါဖြစ်နိုင်တယ်။ အရွယ်အစားလဲ အမျိုးမျိုးရှိနိုင်တယ်။ နာနိုင်တယ်။ နာတာကလည်း ရာသီခွင်နဲ့အမျှပြောင်းတယ်။ 

Fine-needle aspiration အပ်သေးသေးဖြင့် စုပ်ယူနည်း

တခါတရံမှာ အာထွာဆောင်းအကူအညီနဲ့ လုပ်ပါတယ်။ တကယ်လို့ အရည်စုတ်ထုတ်လို့ရရင် အရည်အိတ် သေးသွားမယ်။ အဲလိုဖြစ်သူကို ဆက်စစ်စရာ ကုစရာ မလိုတော့ပါ။

အရည်ထဲမှာ သွေးလည်းပါနေမယ်၊ အရည်အတ်ကလည်း မပျောက်သေးရင် 

Mammography မင်မိုဂရမ် သို့မဟုတ်

Breast ultrasound အာထွာဆောင်းရိုက်ပြီး စစ်ဆေးမယ်။

မှတ်ချက် -

ယူအက်စ်အေမှာ ရင်သားအရည်အိတ် စစ်ဆေးကုသနည်းထဲမှာ မုန်ညင်းဆီ၊ သံလွင်ဆီ၊ ကြက်ဆူဆီ၊ မြေပဲဆီ၊ နှမ်းဆီ ဘယ်ဆီမှာ မသုံးပါ။ နနွင်းမှုန့်၊ ပဲမှုန့်၊ ဆန်မှုန့်တွေလည်း မသုံးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ