Tracheostomy လည်ပင်းအသက်ရှူပေါက် ဖေါက်ခြင်း

လည်ချောင်းကင်ဆာအသက်ရှူရကြပ်နေလို့လေပေါက်ဖောက်လို့ရလားခမျာ

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ ဖြေပါမည်။

Tracheostomy ခေါ် လည်ပင်းအသက်ရှူပေါက် ဖေါက်ခြင်းဟာ အများအားဖြင့် ယာယီသာဖြစ်တယ်။ ဦးခေါင်းနဲ့ လည်ပင်းရောဂါခွဲစိတ်ကုသရာမှာ လိုတတ်တယ်။

ယာယီသာလိုသူတွေကို နောက်တပတ်နေရင် ပြန်ဖြုတ်ပေးမယ်။

တချို့ကိုတော့ ဒိထက်ကြာကြာထားဦးမယ်။

ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ၊ လည်ပင်းကြီးကင်ဆာ၊ ခံတွင်းကင်ဆာတွေမှာ လိုနိုင်တယ်။

Ventilator ခေါ်အသက်ရှူစက်တပ်ထားသူတွေက ကြာကြာလိုနိုင်တယ်။

မေးခိုင်ရောဂါလူနာတချို့ကိုလည်း လုပ်ပေးရတာရှိတယ်။

လေ့လာမှုတွေအရ လည်ပင်းအသက်ရှူပေါက် ဖေါက်ခြင်းလုပ်ရလို့ အသက်တိုမယ်ထင်တာ မဟုတ်ပါ။ ရောဂါအမျိုးအစား၊ ရောဂါအဆင့်၊ ကိုယ်ခံကျန်းမာရေး၊ အသက်အရွယ် စတာတွေအပေါ် မူတည်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ