Urethritis ဆီးထွက်ပြွန်ရောင်ခြင်း

(ကန်တော့)

Urethritis ဆရာရေ အဲ့ရောဂါက ကာလသား ရောဂါလားဆိုတာသိချင်လို့ပါ

အတိအကျဘာသာပြန်ရင် ဆီးထွက်ပြွန်ရောင်ခြင်း။ ဖြစ်စေတဲ့အကြောင်းခံက လိင်မှုနဲ့ဆိုင်ရင်တော့ လိင်ကတဆင့်ကူးစက်ရောဂါလို့ ဆိုနိုင်တယ်။ 

ကာလသားရောဂါဆိုတာ ယေဘုယျဆန်တဲ့ အသုံးဖြစ်တယ်။ အခုခေတ်မှာ မသုံးတော့ပါ။ STDs လိင်ကတဆင့်ကူးစက်ရောဂါများလို့ သုံးပါတယ်။

Gonococcal urethritis ဆိုရင်တော့ ဂနိုးရီးယားပိုးကြောင့် ဆီးထွက်ပြွန်ရောင်ခြင်းဖြစ်လို့ လိင်မှုနဲ့ဆိုင်တယ်။

Urethritis ရောဂါဟာ urinary tract infection (UTI) ခေါ် ဆီးလမ်းပိုးဝင်ခြင်းလို့လည်း သတ်မှတ်တယ်။ ကျား + မ ဖြစ်နိုင်တယ်။

ဘက်တီးရီးယား (E coli, chlamydia, and goorrhea) အမျိုးမျိုးကနေ ဖြစ်စေနိုင်တယ်။ တချို့က sexually transmitted diseases လိင်ကတဆင့် ကူးစက်တယ်။

herpes simplex virus နဲ့ cytomegalovirus တွေက ဗိုင်းရပ်စ်တွေ ကြောင့် ဖြစ်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ