Verzenio for Metastatic Breast Cancer ပြန့်နေသော ရင်သားကင်ဆာအတွက်ဆေး

• Brand Name: ရောင်းကုန်အမည် Verzenio လို့ခေါ်တယ်။

• Generic Name: ဆေးအမည်ရင်း abemaciclib လို့ခေါ်တယ်။

• Drug Class: ဆေးအမျိုးအစား kinase inhibitor ဖြစ်တယ်။

Verzenio (abemaciclib) ဆေးကို ယူအက်စ်အေမှာ ဆရာဝန်လက်မှတ်နဲ့သာ ရောင်းတယ်။

HR+/HER2- (hormone receptor-positive/human epidermal growth factor receptor 2-negative) breast cancer အမျိုးအစား တခြားနေရာတွေကို ပြန့်နေတဲ့ ရင်သားကင်ဆာ အတွက် ဆေးဖြစ်တယ်။ အရိုး၊ အဆုတ်၊ အသဲ၊ ဦးနှောက် စသည်။

FDA ကနေ Verzenio ဆေးကို ၂၀၁၇ ခုနှစ်က အသိအမှတ်ပြုပေးထားတယ်။ ၂၀၂၀ ခုနှစ်က ယူအက်စ်အေမှာ အဲလိုနာပေါင်း 168,000 ယောက်ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။

HR+/HER2- breast cancer အမျိုးအစားဟာ ရင်သားကင်ဆာအားလုံးထဲမှာ 69% ရှိတယ်။

Verzenio ဆေးကို aromatase inhibitor ဆေးနဲ့ဖြစ်စေ၊ fulvestrant ဆေးနဲ့ဖြစ်စေ ပေးတယ်။ သူ့တမျိုးတည်းလည်း ပေးတာရှိတယ်။

metastatic breast cancer လို့စသိသူတွေကို Verzenio + aromatase inhibitor ဆေးပေးမယ်။

တကယ်လို့ ဟော်မုန်းဆေးပေးနေရာကနေ ရောဂါတိုးလာရင် Verzenio + fulvestrant ဆေးပေးမယ်။

တကယ်လို့ ဟော်မုန်းဆေး + ခီမိုသာရာပီ ပေးနေရာကနေ ရောဂါတိုးလာရင် Verzenio တမျိုးတည်း ပေးမယ်။

Verzenio 50 milligrams (mg), 100 mg, 150 mg and 200 mg လို့လာတယ်။

aromatase inhibitor သို့မဟုတ် fulvestrant နဲ့တွဲပေးရင် Verzenio 150 mg တနေ့ ၂ ကြိမ်ပေးမယ်။

Verzenio တမျိုးတည်းဆိုရင် 200 mg တနေ့ ၂ ကြိမ်ပေးမယ်။ 

အစာနဲ့ နီးနီးဝေးဝေး သောက်နိုင်တယ်။ Grapefruit ရှောက်ပန်းသီး (ကျွဲကောသီး) ကိုရှောင်ရမယ်။

Side Effects ဘေးထွက်သက်ရောက်မှုများ

• Abdominal pain ဗိုက်နာ၊

• neutropenia အမျိုးအစား သွေးဖြုဥနည်း၊

• Decreased appetite အစားပျက်၊

• Leukopenia သွေးဖြုဥနည်း၊

• Diarrhea ဝမ်းပျက်၊

• Fatigue အားနည်း၊

• Alopecia ဆံပင်ပါး၊

• Headache ခေါင်းကိုက်၊

• Infections ရောဂါပိုးဝင်လွယ်၊

• thrombocytopenia သွေးမှုန်နည်း၊

• anemia သွေးနီဥနည်း၊

• Nausea ပျို့၊

• Vomiting အန်ချင်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ