Vitamin B complex ဗီတာမင် ဘီအုပ်စု

ဆရာ ကျနော်က အသက် ၄၀ အရွယ် အမျိုးသားတဦးပါ။ အာရုံကြော အားနည်းပြီး အမျိုးသားအကြောလည်း အားနည်းလို့ ဆရာ၀န်က vitamin B အားဖြည့်ဆေးသောက်ခိုင်းတာနဲ့ သောက်နေတာ တနှစ်လောက်ရှိပါပြီ။ ဆေးဆောင်းပါးတခုမှာ vit B စွဲသောက်ရင် အဆုတ်ကင်ဆာဖြစ်စေတယ်လို့ ဖတ်ရပါတယ်။ ကျနော်က အအေးမိရင် ချောင်းဆိုး လွယ်ပါတယ်။ ချောင်းဆိုးရင်လည်း ကြာပါတယ်။ စစ်ကြည့်တော့ တီဘီတော့ မဟုတ်ဘူးဆရာ။ အဆုတ် သိပ်မကောင်းတာလို့ ပြောပါတယ်။ အချုပ်ပြောရရင်တော့ အကြောအားကောင်းဖို့ vit B သောက်သင့် မသောက်သင့် အခြားဆေး အစားထိုးသင့် မသင့်လေး သိချင်တာပါ ဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ သက်ရှည် ကျန်းမာပါစေ။

အဖြေ

vit B စွဲသောက်ရင် အဆုတ်ကင်ဆာဖြစ်စေတယ်ဆောင်းပါးကို ဆရာဝန်ကရေးတာ ဟုတ်ပါသလား။ ဆေးလိပ်နဲ့ အဆုတ်ကင်ဆာ၊ လိင်လမ်းကြွက်နို့နဲ့ သားအိမ်ကငဆာ ၂ မျိုးသာ ဖြစ်နိုင်ခြေ များတယ်။ အဆုတ် သိပ်မကောင်းတာကို ဘယ်လိုစစ်ဆေးနည်းအဖြေအရ ပြောနိုင်လာလဲ။ အကြောအားကောင်းဖို့ဆိုတာလည်း နားမလည်ပါ။ အကြောဆိုတာ ဘာလဲ။ အာရုံကြောတွေရှိတယ်။ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေရှိတယ်။ ဆောရီး။

ဗီတာမင် ဘီ အုပ်စု ထဲမှာ (၁ဝ) မျိုးပါတယ်။

1. Vitamin B1 (Thiamine)

2. Vitamin B2 (Riboflavin)

3. Vitamin B3 (Niacin)

4. Vitamin B5 (Pantothenic acid)

5. Vitamin B6 (Pyridoxine) and

6. Vitamin B9 (Folic Acid)

7. Vitamin B12 (Cobolamin)

8. PABA (Para-aminobenzoic acid)

9. Biotin

10. Inositol

ဗီတာမင် ဘီ အုပ်စုဆေးကို ဒီလိုဖြစ်တာတွေကိုပေးတယ်။

• ADHD ပတ်ဝန်းကျင်ကို သတိမမူတဲ့ စိတ်ရောဂါ = B complex (100 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 100 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။

• အရက်စွဲသူ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams)

• Alzheimer's Disease (အဇာမိုင်ယာ) ရောဂါ = A single B-100 pill each day

• Anxiety or Panic Disorder = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာစားပြီးတိုင်း ၁ ပြား။

• Canker Sores (Aphthous ulcer) ပါးစပ်အနာ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။

• နာတာရှည် အားယုတ်ခြင်း = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။

• နာတာရှည် ကိုက်ခဲနေသူ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။

• Crohn's Disease (ခရုမ်းစ်) အူမကြီးရောဂါ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။

• စိတ်ကျရောဂါ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။

• ဆီးချိုရောဂါ = B complex (100 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 100 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။

• Epilepsy (အပီလက်ပ်စီ) အတက်ရောဂါ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။ အတက်ရပ်ဆေးနဲ့ ၂ နာရီခြား သောက်ပါ။

• ဆံပင်ကျွတ်သူ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။

• နှလုံးရောဂါ ကာကွယ်ရန် = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။

• ကလေးမရသေးတဲ့ အမျိုးသမီး = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။

• ကြွက်တက်ခြင်း = B complex (100 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 100 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။

• (မာလ်တီပယ်-စကယ်လ်ရိုးဆစ်) အာရုံကြောရောဂါ = B complex (100 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 100 milligrams) မနက်စာ-ညစာ စားပြီးတိုင်း ၁ ပြားစီ။

• လက်သဲ-ခြေသဲရောဂါ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။

• ဆေးလိပ်စွဲသူ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။

• Psoriasis နာတာရှည် အရေပြားနာ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။

• Rosacea (ရိုဆာဆီယာ) နာတာရှည်မျက်နှာ နီမြန်းရောဂါ = B complex (50 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 50 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။

• စိတ်ဖိအားများနေသူ = B complex (100 micrograms of vitamin B12 and biotin, 400 micrograms of folic acid, and 100 milligrams) မနက်စာ စားပြီးတိုင်း ၁ ပြား။

ဘေးထွက်ဆိုးကျိုးတွေ = ဆေးသောက်သူတိုင်း သိသာမှာက ဆီးဝါမယ်။ Riboflavin (B2) ကြောင့် ဖြစ်ရတာပါ။ ဆီးက ဆေးနံ့လဲရမယ်။ ဆေးစသောက်ဘူးသူတွေမှာ အစာမကျေသလိုဖြစ်တတ်တယ်။ ဆေးကို အစာစားပြီးချိန်မှာ သောက်သင့်တယ်။ ဆရာဝန်ညွှန်တဲ့အတိုင်း သောက်ရင် ဆိုးကျိုးနည်းတယ်။ ဆေးသောက်တာ များသွားလို့ ရစေနိုင်တာတွေကို အောက်မှာ စာရင်းချလိုက်ပါတယ်။

Thiamine (B1) ဗီတာမင် ဘီ (၁) က အဆုပ်နဲ့နှလုံးကောင်းစေမယ်။ နည်းရင် နာတာရှည်ချို့ယွင်းချက်တွေဖြစ်နေမယ်။ အာရုံကြောနဲ့ နှလုံးသွေးကြောလမ်းကိုထိခိုက်မယ်။ Beriberi ခေါ်ရောဂါ (၃) မျိုးဖြစ်နိုင်တယ်။ ခြေထောက် ထုံကျင်နေမယ်။ အပ်နဲ့ဆွသလိုခံစားနေရမယ်။ ဦးနှောက်ချို့ယွင်းမယ်။ Wernicke-Korsakoff syndrome ရနိုင်တယ်။ မျက်စိမကောင်း၊ လမ်းလျှောက်ရခက်၊ စိတ်ရှုတ်ထွေး။ မိခင်မှာ ဘီ-၁ နည်းနေရင် ကလေးပါချို့ယွင်းမယ်။ အသံထိခိုက်မယ်။

ဗီတာမင် ဘီ (၁) များသွားရင် အိပ်မပျော်၊ ရင်တုန်၊ သွေးဖိအားတက်၊ ဆေးမတည့်တာဖြစ်၊ စိတ်တို-ဒေါသထွက်ဖြစ်မယ်။

Riboflavin (B2) ဗီတာမင် ဘီ (၂)

• အားယုတ်၊

• သွေးအားနည်း၊

• အန်၊

• သွေးဖိအားကျ၊

• ပျို့၊

Niacin (B3) ဗီတာမင် ဘီ (၃)

• ခေါင်းကိုက်၊

• အရေပြားယား၊

• skin အရေပြားနီမြန်း၊

• ခေါင်းထဲထိုး၊

• ပျို့-အန်၊

Pantothenic Acid (B5) (ပင်တိုသဲနစ်-အက်စစ်)

• ကိုယ်ရောင်၊

• အဆစ်နာ၊

• စိတ္က်၊

• ရေဓါတ်နည်း၊

• အားယုတ်၊

Pyridoxine (B6) ဗီတာမင် ဘီ (၆)

• လက်ဖျားထုံ-ကျင်၊

• ကြွက်သားတွေ ပူးတွဲလုပ်ဆောင်တာနည်း၊

• စိတ်အခြေပြောင်း၊

• စိတ်ဓါတ်ကျ။

Folic Acid (B9) ဗီတာမင် ဘီ (၉)

• ကျောက်ကပ်မကောင်း၊

• အစားပျက်၊

• ဗိုက်ကယ်၊

• ပျို့-အန်၊

Cyanocobalamin (B12) ဗီတာမင် ဘီ (၁၂)

• စိုးရိမ်၊

• လက်ချောင်း-မျက်နှာ ထုံ-ကျင်၊

ဗီတာမင် ဘီ အုပ်စုဆေးကို အောက်ကစာရင်းထဲပါနေသူတွေ ဆရာဝန် မညွှန်ဘဲ မသောက်ပါနဲ့။

• ကိုယ်ဝန်ဆောင်ချိန် နဲ့ ကလေးနို့တိုက်ချိန်၊

• အစာအိမ်ရောဂါ၊ အသဲရောဂါ၊ ဆီးချိုရောဂါ၊ ဂေါက်ရောဂါ ရှိနေသူ၊

• တခြား (ဟာဗယ်) အားဆေးတွေလဲ သောက်နေသူ၊

• ဆေးမတည့်တတ်သူ၊

သတိထားစရာတွေ -

• ဝက်ခြံရှိနေသူတွေ Vitamin B complex နဲ့ Vitamin B12 တွဲမသောက်ပါနဲ့။

• (ကိုလက်စထော) ကျဆေးတွေဖြစ်တဲ့ Zocor, Mevacor, or Crestor သောက်နေရင် Vitamin B3 မသောက်ပါနဲ့။

• (ဘိုင်ပိုလာ-ဒစ်အော်ဒါ) ကြောက်စိတ်နဲ့ စိတ်ကျရောဂါ ရှိနေသူ Inositol နဲ့ Vitamin B complex ကို ဆရာဝန်မညွှန်ဘဲ မသောက်ပါနဲ့။

• Vitamin B3 (Niacin) များရင် ရှားရှားပါးပါး Blurred vision မျက်စိဝေဝါးတာ၊ Nausea ပျို့တာ၊ Vomiting အန်တာဖြစ်နိုင်ပြီး၊ Stomach ulcers အစာအိမ်နာကို ဆိုးစေတတ်တယ်။

• Folic acid (ဖေါလစ်-အက်စစ်) များရင် Methotrexate ကင်ဆာဆေးနဲ့ ဓါတ်ပြုနိုင်တယ်။

ဗီတာမင် ဘီ အုပ်စုဆေးက လိုအပ်နေသူတွေအတွက် အလွန်ကောင်းပါတယ်။ စျေးလဲချိုတယ်။ ဒါပေမဲ့ အစားအစာ မျှတ လုံလောက်အောင် စားနေသူတွေက သောက်ဘို့ မလိုပါ။ ကလေး-လူကြီး အားဆေးဆိုတာမှန်သမျှ ဗီတာမင် (ဘီ) အုပ်စုသာဖြစ်တယ်။ အဲဒီထဲမှာ (စီ)၊ ကယ်လ်စီယမ်၊ ဓါတ်ဆား စတာတွေ ရောတာလဲရှိတယ်။ အားလုံးသုံးနိုင်ပါတယ်။ ဆေးဝယ်ရင် ဆေးကုမ္ပဏီ ကောင်းကောင်းကနေ ထုတ်တာ ဝယ်သင့်တယ်။

Dr. တင့်ဆွေ

၁၅-၁-၂၀၁၈

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ