Water ရေ ရေသောက် ရေနွေးကြို ရေးချိုး ခေါင်းလျှော်တွေကို ရမယ်ရှာနေသူတွေ အကုန်မှားတယ်

- ဆရာ ရေနဲ့ပတ်သက်တာလေးတွေ မေးပါရစေ။ ရေသန့်ဘူးထဲကရေကို ကြိုချက် မသောက်ရဘူးဆိုတာဟုတ်ပါသလား။ နောက်တခုကရေနွေးညသိပ်က အဆိပ်ထက်ပြင်း တဲ့။ညသိပ်ရေနွေးမသောက်ရတာ ဟုတ်ပါသလား။ နောက်တခါ ကြိုပြီးသားရေကိုရေစိမ်း (၂-မျိုးလုံး‌ရေသန့်) ရော မသောက်ရဘူးဆိုတာရော ဟုတ်ပါသလားဆရာ။ နောက်တခုက ကြိုချက်ပြီးတဲ့ရေအေးကို နောက်ထပ်ပူအောင် လုပ်သောက်တာလဲ မကောင်းဘူးလို့ကြားဘူးတာမှန်ပါသလားဆရာ။

- ဆရာမေးပါရစေရှင့်သံဓါတ်များတဲ့ရေကိုနှစ်အကြာကြီးသောက်လာခဲ့ရင်ဘယ်လိုဆိုးကျိုးတွေဖြစ်စေနိုင်ပါလဲ

- ဆရာ ခင်ဗျာ့ ရေသန့်စက်ရုံကထုတ်တဲ့ ရေသန့်ကို ကြိုချက်သောက်သုံးဖို့မသင့်ဘူးဆိုတာ ဟုတ်ပါသလား။ ရေသန့်ထဲပါတဲ့ ကလိုရင်းက အပူပေးရင် ဓါတ်ပြုပြီး လူ့ခန္ဓာကိုယ်ကို ဘေးအန္တရာယ်ဖြစ်စေတယ်လို့ တွေ့မိလို့ပါ။

- ဆရာ တခုလောက် မေးချင်ပါတယ် ရေသန့်ကို ထပ်ကြိုချက်ပြီးသောက်ရင် ကျမ်းမာရေးနံ့ ညီပါသလားဆရာ ကလေးနို့မုန့်တိုက်ရင် လိုအပ်နေလို့ပါဆရာ 

- ဆရာခင်ဗျား ရေသန့်ကိုကျိုချက်သောက်ရင် ဘေးဖြစ်တယ်ဆိုတာ မှန်ပါသလားခင်ဗျာ အမျိုးမျိုး ပြောနေကြလို့ပါ အချိန်ရရင် ပြန်ဖြေပေးပါအုံးဆရာ

- ဆရာခင်ဗျား ရေသန့်ကိုအပူပေး (ကြိုချက်) ပြီးသောက်လျှင်ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်ဆိုတာ ဟုတ်ပါသလားခင်ဗျား ကျေးဇူးပြုပြီးအလင်းပြစေချင်ပါတယ်ခင်ဗျား

အလွန်မတန် အခြေခံကျတာကို Common sense ခေါ်တယ်။ ဘာမှကြီးကျယ်တာတော့ မဟုတ်။ ရိုးရိုးလေး တည့်တည့်လေးသာ ကြည့်တာမျိုး။ မှား မမှန် လွဲ အလိမ်ခံရခြင်း မေးခွန်းတွေ စုသာထားရင် စာတအုပ်စာ ရှိလောက်ပြီ။ ဆရာဝန်တွေက ဘယ်လိုပြောပြော လိမ်တာတွေကို မှတ်သားနာယူသူတွေလည်းရှိတာ သိပါတယ်။

1. Alkaline water အယ်လ်ကာလိုင်းရေ https://dr-tint-swe.blogspot.com/2021/05/alkaline-water.html

2. Boiling Bottled Water ရေသန့် ရေနွေးကြမ်း https://dr-tint-swe.blogspot.com/2022/02/boiling-bottled-water.html

3. Bottled Purified Water ရေသန့် ရေနွေးကြမ်း https://dr-tint-swe.blogspot.com/2021/08/blog-post_351.html

4. Bottled Water Questions ရေပုလင်း မေးခွန်းများ https://dr-tint-swe.blogspot.com/2021/05/bottled-water-questions.html

5. Chlorine ကလိုရင်းနဲ့ပိုးသန့်ထားတဲ့‌ရေကို အပူပေး‌သောက်သုံးရင် အန္တရာယ်မရှိပါ https://dr-tint-swe.blogspot.com/2021/06/chlorine.html

6. Emergency Disinfection of Drinking Water အရေးပေါ်ရေသန့်နည်း https://dr-tint-swe.blogspot.com/2021/06/emergency-disinfection-of-drinking-water.html

7. Flux for hot water ရေနွေးညသိပ်မြွေအဆိပ်တဲ့ မှား၏ https://dr-tint-swe.blogspot.com/2021/05/flux-for-hot-water.html

8. How much water ရေဘယ်လောက်သောက်ရမလဲ https://dr-tint-swe.blogspot.com/2021/07/how-much-water.html

9. The Rainwater မိုးရေ https://dr-tint-swe.blogspot.com/2021/09/safety-of-drinking-rainwater.html

10. Water and pH ရေသန့်ဆိုတာ https://dr-tint-swe.blogspot.com/2021/05/water-and-ph.html

11. Water pH မဟုတ်တာဆို ပိုမေးကြတယ် https://dr-tint-swe.blogspot.com/2021/01/bottled-water.html

12. Water Please ရေ https://dr-tint-swe.blogspot.com/2021/05/water-please.html

13. Water poisoning ရေအဆိပ်သင့်ခြင်း https://dr-tint-swe.blogspot.com/2021/07/water-poisoning.html

14. Water မှားသော ရေပညာပေးပို့စ် https://dr-tint-swe.blogspot.com/2021/05/water.html

တနေ့နေ့ (၃၆) နာရီ အစာဖြတ်ကြည့်ဦးမယ်။ အခုတလော အရမ်း နာမည်ကြီးနေတဲ့ ဘလာဘလာဘလာ။ ဆရာ လုပ်သင့် မလုပ်သင့်ပြောပြပေးပါအုန်း ခင်ဗျ 

Fasting အစာမစားဘဲနေခြင်း https://dr-tint-swe.blogspot.com/2022/02/fasting.html

တချို့က ညံ့မှကြိုက်တယ်။

တချို့က ညာမှကြိုက်တယ်။

တချို့က မှားမှ ကြိုက်တယ်။

တချို့က လိမ်ချင်ကြတယ်။

တချို့က အလိမ်ခံရတာကို သာယာတယ်။

မြန်မာပြည်ဟု ခေါ်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ