Aceclofenac ဆေး Gabacoron 300 ဆေး

ဆရာ တစ်ခုလောက်(တခုလောက်)မေးပါရစေ ကျွန်မအမျိုးသား အသက် ၃၈ ပါ ခုသူဖြစ်တာက ခါးနာလို့ ဆေးခန်းပြပါတယ် ဆေးနှစ်လုံးထိုးပေးပါတယ် စားဆေးပေးပါတယ် ခုခါးနာတာသက်သာပြီး မျက်နှာရယ် လက်ရယ် ‌ခြေထောက်ရယ် အသားတွေတင်းနေလို့ပါ ဆေးကြောင့်လား တခြားဘာဖြစ်နိုင်လည်း ဖြေပေးစေလိုပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့် ဆရာ၀န်ပေးတဲ့ဆေးတွေပုံပို့ပေးလိုက်ပါတယ်ရှင့်

Aceclofenac ဆေး

နာတာ ရောင်တာအတွက်ပေးတယ်။ 

osteoarthritis, rheumatoid arthritis, and ankylosing spondylitis ခေါ်အဆစ်နာအမျိုးမျိုးအတွက် ပေးတယ်။

ဘေးထွက်သက်ရောက်မှုများ

ခေါင်းကိုက်။ ပျို့အန်။ ဗိုက်နာ။ ဝမ်းပျက်။ အိပ်ချင်။ ဘယ်ရောက်နေမှန်းမသိ။ ခေါင်းမူး။ သွေးဖိအားကျ။ အသက်ရှူရခက်။ နားထဲမြည်။

Gabacoron 300 ဆေး

neuropathic pain အာရုံကြောကြောင့်နာတာအတွက်ပေးတယ်။ အတက်ရောဂါကိုလည်း ပေးတယ်။

ဘေးထွက်သက်ရောက်မှုများ

အိပ်ချင်။ ခေါင်းမူး။ ကိုယ်ထိန်းရခက်ခဲ။ အာခေါင်ခြောက်။ ဝမ်းချုပ်။ လေတက်။ ချောင်းဆိုး။ အားနည်ဒ ကိုယ်ပူ။ ခါးနာ။ ကြွက်သားနာ။ ပျိ့အန်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ