တဘဝပြီးပြီ

ကြီးရင် သေတတ်တယ် တင်ထားတာတခုကို ကူးယူတင်ကြတာတွေ တွေ့ပါတယ်။

Data from the National Vital Statistics System ယူအက်စ်အေ ၂၀၂၀ ခုနှစ် လေ့လာမှုတခုကို ကိုးကား တင်ပြပါမယ်။

မွေးလာကတည်းက လူတဦးရဲ့ အသက်ရှည်မှု ၂၀၂၁ ခုနှစ်တုန်းက ၇၆့၄ နှစ်ရှိတယ်။ ၂၀၂၀ ခုနှစ်ကထက် ဝ့၆ နှစ်တိုးလာတယ်။

သေဆုံးရတဲ့ရောဂါ ထိပ်ဆုံး ၁၀ ခုထဲမှာ နှလုံးရောဂါက ထိပ်ဆုံးမှာရှိတယ်။ ကင်ဆာက နံပတ် ၂ နဲ့ ကိုဗစ်ကြောင့်သေဆုံးရမှုက နံတ် ၃ မှာရှိခဲ့တယ်။

မွေးပြီးစကလေလး အရှင်မွေး ၁ သိန်းမှာ ၅၄၃့၆ ယောက် တနှစ်အတွင်း သေဆုံးကြတယ်။

အသက် ၆၅ နှစ်အထက်တွေ နောက်ထပ် ၁၈့၄ - ၁၈့၅ နှစ်သာ ရှိကြတော့တယ်။ ဆောရီး။

အမျိုးသမီးတွေက ၁၉့၈ နှစ်နဲ့ အမျိုးသားတွေက ၁၇့၀ နှစ်။ ဆောရီး။

သေဆုံးရသည့်အကြောင်းခံများ

၁။ နှလုံးရောဂါ၊

၂။ ကင်ဆာ၊

၃။ ကိုဗစ်၊

၄။ ထိခိုက်ဒဏ်ရာများ၊

၅။ လေဖြတ်ခြင်း၊

၆။ နာတာရှည်အသက်ရှူလမ်းအောက်ပိုင်းရောဂါများ၊

၇။ အယ်လ်ဇိုင်းမား ရောဂါ၊

၈။ ဆီးချို၊

၉။ နာတာရှည်အသည်းရောဂါများ၊

၁၀။ ကျောက်ကပ်ရောဂါများ။

အသက်ကြီးရင် သေတတ်တယ်ဆိုတာ ငြင်းဆိုချက် မရှိပါ။ အသက် ၁ နှစ်အောက်လည်း သေတာတွေ ရှိတယ်။ အသက်အကြီးဆုံးနဲ့ အငယ်ဆုံးတွေ အုပ်စု ၂ ခုက သေဆုံးမှု အများဆုံးဖြစ်တယ်။ ဆောရီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ