တို့စရာ

ပို့စ်တခု = ငါးသလောက်

ကွန်မင့်တခု = ကြိုက်သည် သို့သော် သွေးတိုး မှာစိုးလို့ နည်းနည်းပဲစား

အဲလိုကွန်မင့်မျိုးတွေ ခဏခဏ (ခဏခဏ) လာပါတယ်။

ငါးသလောက်၊ တမာရွက်စတာတွေက တက်တယ်၊ သွေးတိုးတယ်၊ အိပ်ချင်တယ်လို့ ပြောကြတယ်။ ဆေးသုတေသနတွေအရ အဲလို အထင်မှားတာတွေ မမှန်ပါ။

ငါးသလောက်ရဲ့ ကျန်းမာရေးအတွက် အကျိုးရှိပုံတွေကို သမားတော်ကြီး ဒေါက်တာမြင်မြင်ခင်က သူ့စာအုပ်မှာ ရေးထားတယ်။

တမာကနေ သွေးကျစေနိုင်ကြောင်း အိန္ဒိယဆေးသုတေသနက ဆိုပါတယ်။ တင်ပြထားတယ်။

တမာရွက်၊ ဆူးပုပ်ရွက်၊ တညင်းသီး စတာတွေကို အတို့အဖြစ်စားတဲ့အခါ ငပိချက်၊ ငန်ပြာရည်ချက်နဲ့ စားကြတယ်။ အဲဒီအငန်ချက်တွေထဲမှာ ဆိုဒီယမ်ဓါတ်တွေများလို့ သွေးတိုးအခံရှိသူတွေ သွေးတိုးတက်နိုင်တယ်။

တညင်းသီးအကြောင်း သီးသန့်တင်ပြထားတယ်။

ထမင်းစားပြီးတိုင်း ဘယ်သူမဆို ခဏလောက်ဖြစ်ဖြစ် အိပ်ချင်ကြတယ်။ ဘာစားစား။

တက်တယ်ကို တတ်တယ်လို့ မရေးလို့။ တော်သေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ