အတွေးအသိကင်ဆာ

အားနာနာနဲ့ ဖြေရတာတွေ မနည်းလှပါ။ တင်ပြထားပါတယ်။ အခု ၂ ခုလာတယ်။

၁။ ART ဆေး သောက်နေသူက မေးပါတယ်။ ( - ) ကထုတ်တဲ့ ( - ) ဆေးသောက်လို့ရပါသလား။

ART ဆေးထက် ကောင်းတာ ကမ္ဘာမှာ မရှိ။ အပိုတွေ မလိုအပ်။

၂။ အအေးမိသူဆီ လင့်ပို့ထားပြီး ထပ်မေးတယ်။ ( - ) နည်းတွေ သုံးလို့ရပါသလား။

အပိုတွေ မလိုအပ်။

အားနာတယ်ဆိုတာက ဆေးရောင်းသူတွေ၊ ဆေးနည်းတွေ၊ ဆေးပွဲစားတွေက ကိုယ့်တိုင်းပြည်ကချည်း ဖြစ်နေလို့။ ရောင်းကုန်အမည်၊ ဆေးနည်းအမည်တွေ မထည့်ပါ။

ကိုဗစ်တုန်းကလည်း အမုန်းခံပြီး ဖြေရတယ်။

ကင်ဆာနေရာတွေမှာလည်း ဆေးနည်းသာမက စာရေးနည်းအတွက်ပါ အမုန်းခံလို့ ကင်ဆာမေးခွန်းတွေက ဆရာဝန်ကို မမေးကြပေါ့ပါ။ ဖေ့စ်ဘွတ်မှာ ဘယ်သူကနေဝင်ဖြေဖြေ မေးကြပါတော့တယ်။

အတွေးအသိကင်ဆာ ပျောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ