အပျော်အပျက်အသုံးတွေ
ခေတ်စကား၊ အပျော်အပျက်အသုံးစကားတွေ မရေးရလို့ မဆိုလိုပါ။ ခေတ်တိုင်းမှာ ဘန်းစကားတွေရှိတယ်။ အရင်ကတော့ အခုလောက်ထိ မပျက်စီးသေးပါ။
• တကယ်နေမကောင်းသူတွေကနေ ဥမ္မာခင်လို့ မေးရင် မဖြေချင်ပါ။
• တကယ်နေမကောင်းသူတွေကနေ ကင်ကင်လို့မေးရင် မဖြေချင်ပါ။
ကိုယ့်ရောဂါဝေဒနာကို ကိုယ်ကအလေးထားရမယ်။ တချို့ရောဂါတွေက အသက်ကိုပါ ရန်ရှာတာမျိုး။ ကိုယ်က ပေါ့ပျက်ပျက်ဆို ဘယ်သူကလာပြီး တလေးတစား ဖြေချင်မှာလဲ။
• ကင်ဆာကို ကင်စာ၊ ကင်ဆားလို့ ရေးမေးလည်း တလေးတစားဖြေပါတယ်။
• အာထွာဆောင်းကို အာထွာစောင်းလို့ ရေးလည်း တလေးတစားဖြေပါတယ်။
• TB ကို TV လို့မှားရေးလည်း တလေးတစားဖြေပါတယ်။
ခေါင်းမာ၊ ပေါင်မာလို့ရေးတာမျိုးကို ဖြေချင်စိတ် နည်းတယ်။
ဆေးတေ၊ အနာတေလို့ရေးတာမျိုးကို ဖြေချင်စိတ် နည်းတယ်။
ပါပီ၊ ညမ၊ ကျယ်မလို့ရေးတာမျိုးကို ဖြေချင်စိတ် နည်းတယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment