Ectodermal Dysplasia မွေးရာပါမျက်စိရောဂါ

မဂ်လာပါဆရာ ကျွန်မသမီးလေးကမွေးရာပါ Ectodermal dysplasia ပါရှင့်  အဲ့ဒါကြောင့်မို့လို့ မျက်ချေး စက္ကန့်တိုင်းထွက်ပါတယ် မျက်ချေးထွက်တာ ရပ်သွားနိုင်ဖို့ မျက်စင်း သို့မဟုတ် ဆေးဝါးများ မကြံပြုပေးဖို့ တောင်းဆိုပါရစေ

Ectodermal Dysplasia ရောဂါ အများစုဟာ မျက်စိအမြင်တော့ ပုံမှန်ရှိကြတယ်။

ဒါပေမဲ့ မျက်ရည်ခမ်းခြောက်တာ၊ ပိုးဝင်တာ၊ မျက်ကြည်လွှာ အမာရွတ်ဖြစ်တာ၊ အတွင်းတိမ်နဲ့ မြင်လွှာပြောင်းလဲမှုတွေကြောင့် အမြင်အားပါ နည်းလာနိုင်ကြတယ်။

Dry eyes မျက်ရည်ခမ်းခြောက်တာ အများဆုံးဖြစ်တယ်။ artificial tears မျက်ရည်တုခတ်ပေးရမယ်။

saline solution ဆာရည်မျက်စဉ်း လိုနိုင်တယ်။

အလင်းရောင်ကိုမခံနိုင်ရင် နေကာမျက်မှန်သုံးပါ။

မျက်တောင်မွေး အတွင်းဝင်တာဖြစ်ရင် မျက်စိဆရာဝန်ပြပါ။

ပိုးဝင်တာဖြစ်လာရင် ပိုးသေဆေးပါမျက်စဉ်းတခုခုသုံးပါ။

Infective conjunctivitis မျက်စိကျိန်းခြင်း https://dr-tint-swe.blogspot.com/2021/11/infective-conjunctivitis.html

Eye Drops မျက်စဉ်းအမျိုးမျိုး https://dr-tint-swe.blogspot.com/2021/01/eye-drops.html

Dry eye syndrome မျက်ရည်ခြောက်နေခြင်း https://dr-tint-swe.blogspot.com/2022/07/dry-eye-syndrome.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ