Food Cravings and Pregnancy ချဉ်ခြင်းတပ်တာ ဘယ်လိုလဲ

၁။ ဆရာ ကိုယ်ဝန်ဆောင်သည်တွေ တခုခုစားချင်တာရှိရင် ပြောတဲ့ ဝေါဟာရ ချဥ်ခြင်းတက်(ချဉ်ခြင်းတပ်) တယ်ဆိုလား။ ကျနော် ဝေါဟာရရဲ့ စာလုံးပေါင်းအမှန်ကိုသိချင်လို့ပါ။ ကျနော်ရေးထားတာမှားတယ်လို့ထင်လို့ပါ။ ကျေးဇူးပါ ဆရာ
၂။ ဆရာခင်ဗျာ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် ချဉ်ခြင်းတက်ခြင်းဖြစ်ရသည့် အကြောင်းရှင်းပါပေးပါ။ ကျွန်တော့်ကို ကလေးတွေ မေးလို့ပါ။ ကျွန်တော်တို့က သာမန် Zoo နဲ့ ကျောင်းပြီးသူတွေကတော့ တိတိကျကျ မသိလို့ပါ။
ဒီစာမှာ သုတေသနတွေလုပ်တဲ့ ယူအက်စ်က ကလေးမိခင်တွေအကြောင်းက များပါတယ်။ ချဉ်ခြင်းတပ်တာက အစားအသောက်မတူရင် မတူကြပါ။ အမေရိကန်မတွေကိုမေးကြည့်တာ ၄ဝ% က ချိုတာတခုခုကိုစားချင်တယ်တဲ့။ ၃၃% က ငန်တာတဲ့။ စပ်တဲ့ မက်ဆီကန်စာစားချင်သူက ၁၇% နဲ့ အသီးတွေကိုသာတမ်းတသူက ၁ဝ%။ အချဉ်ကိုတပ်မက်သူက အနည်းဆုံးဖြစ်နေတယ်။
ကိုယ်ဝန်ဆောင် ၅ဝ% လောက်က အစားအသောက်ချဉ်းခြင်းတပ်ကြတယ်။ အချိုကို အချဉ်ထက်ပိုကြိုက်ကြတယ်။
ဘာလို့အဲလို ထူးခြားပြီးစားချင်ကြသလဲ။ ဟော်မုန်းကိုပဲ လက်ညှိုးထိုးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်း အပြောင်းအလဲတွေက အလွန်များတယ်။ အရသာခံတာနဲ့ အနံ့ခံတာ မူပြောင်းလာနိုင်တယ်။ အီသီယိုးပီးယားမှာလုပ်တဲ့ လေ့လာမှုအရ အစားအသောက် ဇီဇာကြောင်တဲ့သူတွေမှာ ကိုယ်ဝန်ရရင် ချဉ်ခြင်းတပ်တာ တခြားအမျိုးသမီးတွေထက် ၂ ဆဖြစ်တယ်။
တချို့ချဉ်ခြင်းတပ်တဲ့အစားအသောက်တွေက ကျိုးကြောင်းဆီလျှော်တယ်။ တချို့က ဆန်းတယ်။ သုတေသနတခုအရ အစားအသောက်ထဲမှာ မက်ဂနီဆီယမ်ဓါတ်နည်းနေရင် ချောကလက်ကိုတမ်းတကြတယ်။ အဲတာက သဘာဝကျတယ်။ ပရိုတင်းဓါတ်နည်းနေသမျိုးက အသားတခုခုကိုတောင့်တတာလည်း ဆီလျှော်တယ်။ စာချင်စိတ်ကဲတာသာမက မစားချင်စိတ်ဖြစ်တာကိုလည်း ဒီအမျိုးအစားအုပ်စုထဲမှာ ထည့်ထားပါတယ်။
ဒိထက်တိကျတဲ့ အကြောင်းတရားတော့ ရှာမတွေ့သေးပါ။ မြန်မာပြည်မှာ လေ့လာမှုလုပ်နိုင်ရင် စိတ်ဝင်စားစရာ အချက်အလက်တွေရလာမှာ အမှန်ပါ။
ကိုယ်ဝန်ဆောင် နဲ့ ကိုယ်ဝန်သည် လို့သာရေးတာ မှန်တယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ