Gym နှင့် လေးဘက်နာ

ဆရာရှင့် သွေးလေးဖက်နာ ဖြစ်နေတာ ယောဂ ကျင့်တာ gym ကစားတာ လုပ်လို့ ရလားရှင့်။

သွေးလေးဖက်နာဆိုတာ အရပ်ခေါ်စာလုံးဖြစ်တယ်။ လူနာရဲ့ ဆေးစစ်ချက်အဖြေစာပါ အင်္ဂလိပ်စာလုံးပေါင်းသိမှသာ  ရောဂါအမည်ကို သိနိုင်တယ်။

လေးဘက်နာလို့ပြောသူတွေကို စစ်ပေါပေါက် ပြန်မေး ဆေးစစ်ချက်တောင်းယူတော့ သူတို့ပြောတဲ့အတိုင်း မဟုတ်တာက များတယ်။

ကိုယ်လက်လေ့ကျင်ခန်းဆိုတာ လူတိုင်းအတွက် ကောင်းတယ်။ တဦးနဲ့တဦးတော့ နည်းနာ၊ ကြာချိန်တော့ ရွေးရတယ်။ 

ဖီဇီကယ်သာရာပီ ဆရာဝန် ဆရာမတွေက တဦးချင်းကို ညွှန်ပါမယ်။

ဂျင်မ် ကစားတယ်၊ သွားတယ်လို့ရေးတာ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ 

လူအများစုက ဂျင်မ်ဆော့တယ်တဲ့။ ဆော့တာနဲ့ ကစားတာ မတူ။ ဆော့တာမှာ စည်းကမ်းမထား သို့မဟုတ် သတ်မှတ်ချက် နည်းတယ်။ အားကစားဆိုတာ တိတိကျကျလုပ်ကြရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ