Kegel Exercise for Men ယောက်ျားများအတွက် ကီဂယ်လ် လေ့ကျင့်ခန်း

ဆရာခင်ဗျား။ kegel exercise လုပ်ချင်လို့ ရှာတာမတွေ့လို့ပါခင်ဗျာ

(ကီးဂယ်လ်) လေ့ကျင့်ခန်းဟာ အမျိုးသမီးများအကြား ရေပန်းစားပေမဲ့ ယောက်ျားလေးများ မသိသူကျော်သွား၊ သိသူဖေါ်စားနည်းလည်းပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးဖွါးပြီးသူ အမျိုးသမီးတွေ မ-အင်္ဂါအတွင်းမှာ ရင်းစားပြန်ရဘို့ တင်ပါးဆုံတွင်း ကြွက်သား လေ့ကျင့်ခန်းကို ဆရာဝန်တွေက ထောက်ခံချက်ပေးယုံသာမကာ လုပ်ခိုင်းတဲ့နည်းလဲ ဖြစ်ပါတယ်။

လေ့ကျင့်ပေးရမဲ့ ကြွက်သားကိုသိအောင် အရင်လုပ်ရတယ်။ ဆီးသွားနေတုံး ဆီးမကုန်ခင် ရပ်အောင် ကြိုးစားတဲ့အခါ ကြုံ့ပေးရမဲ့ ကြွက်သားတွေဖြစ်ပါတယ်။ (ပြူဘို-ကောက်ဆီဂျီယပ်စ်) ခေါ်တယ်။ ဆီးစပ်ရိုးနောက်ကနေ ဟိုနောက်ဆုံးက အမြီးပိုင်းနေရာအထိ ဆက်နေတဲ့အရာ ဖြစ်ပါတယ်။

အဲဒီကြွက်သားဟာ (လီဗေတာ အေနိုင်း) ဆိုတဲ့ တင်ပါးဆုံတွင်းမှာ အခင်းသဘောဖြစ်နေတဲ့ ကြွက်သားကြီးရဲ့ အစိတ်အပိုင်းပါ။ ဒီကြွက်သားကြီးကနေ စအို နဲ့ (ဗဂျိုင်းနား) တွေကို ထိန်း-မ-ပင့်တင် ပေးထားတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေကိုသာ ဆေးနည်းပေးတာ ဖြစ်ပါတယ်။ ကျားအင်္ဂါနဲ့ အဆက် အစပ်က အတော်ကြီး အမျိုးလိုက်စပ်မှ ရတယ်။

သူ့ကို လေ့ကျင့်ရင်း (ခရီမက်စတာ) ကြွက်သားဆိုတဲ့ ကျား-ကပ်ပဲ့အိတ်၊ ကျား-အစိနဲ့ ဆိုင်တဲ့ ကြွက်သားကိုပါ လေ့ကျင့်ရာ ရောက်တယ်၊ ယောက်ျားတိုင်းတော့ မလုပ်နိုင်ကြဘူးတဲ့။ အပြောကတော့ ချောသလား မမေးနဲ့။ အင်္ဂါသန်မာစေမယ်၊ သုတ်လွှတ်စောတာ ထိန်းနိုင်မယ်တဲ့။ ကြွက်သား မှန်သမျှ လေ့ကျင့်ပေးရင် သန်လာစေတာတော့ မှန်ပါတယ်။

ကျားလိင်အင်္ဂါမှာ (ကော်ပိုရာ ကဗာနိုဆာ) ဆိုတာက လိုအပ်ချိန်မှာ သန်မာလာစေဘို့ ဆောင်ရွက်ပါတယ်။ သူ့မှာ အနုစား-ကြွက်သားတွေ ပါတယ်။ အနုစား-ကြွက်သားကို စိတ်ကနေ ထိန်းမရသလို၊ သန်မာအောင် လေ့ကျင့်ပေးလို့လဲ မရဘူး။ လိင်စိတ် နိုးထလာမှသာ အဖြစ်အပျက်တွေ တလှေကြီး ဖြစ်လာတယ်။ သွေးလျှောက်တာ ပိုများလာမယ်၊ ဝင်လာတဲ့ သွေးတွေကို စုပေးထားမယ်၊ သွေးပြန်ထွက်မှာကိုလဲ ထိန်းထားအုံးမယ်၊ အတွင်းဖိအား ဆိုတာ တက်လာမယ်၊ (အစ်ချီယိုကဗာနိုးဆပ်စ်) ဆိုတဲ့ ကြွက်သားက ရှုံ့-ကြုံ့လာမယ်။ (ကီဂယ်) လေ့ကျင့်ခန်းဆိုတာ ဒီ (မာဆယ်လ်) ကို လေ့ကျင့်ပေးရတာပါ။ ဒါကတော့ ဖြစ်နိုင်ပါတယ်။ ခန္ဓာဗေဒကို ခပ်ပေါ့ပေါ့ ရေးသူတွေက ဒီကြွက်သားလို့ တည့်တည့် မပြောကြဘူး။

ဆီးသွားနေချိန်မှာ ဆီးမကုန်သေးခင် ရပ်ဘို့ကြိုးစားကြည့်ပါ။ အဲလို ကြိုးစားရင် ညှစ်ရ-တင်းရတဲ့ ကြွက်သားတွေဟာ ဘာတွေလဲလို့ သိလာမယ်။ အဲဒီ ကြွက်သားတွေကို တကယ် ဆီးမသွားဘဲ နေရင်း၊ ထိုင်ရင်း ညှစ်လိုက်၊ လျှော့လိုက် လုပ်တာဖြစ်ပါတယ်။ ဒါက အမျိုးသမီးတွေအတွက် အကုန်ပါဘဲ။ အမျိုးသားတွေဆိုရင်လဲ မကွာပါ။ ကိုယ့်လက်နဲ့ကိုယ် ကိုင်တွယ်လို့ ရတဲ့နေရာတွေကို တင်းချီ-လျှော့ချီ လုပ်နိုင်သေးတယ်။ ဆုပ်နယ်ပြီး သန်မာစေအောင်လဲ လုပ်ပေးနိုင်သေးပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ