Sore nipples ရင်သားထိပ်ဖျားနာခြင်း

(ကန်တော့)

ဆရာရှင့် အသက် ၄၆နှစ်အိမ်ထောင်မရှိအမျိုးသမီးပါရှင့် သွေးဆုံးတာ ၃နှစ်နီးပါးရှိပါပြီရှင့် နို့သီးခေါင်းတွေ မာပြီးနာနေလို့ပါရှင့် သွေးတိုး ဆီးချိုရောဂါလဲမရှိပါဘူးရှင့် အောက်ခံအင်္ကျီက ဖော့မပါတာဝတ်ပြီး အပေါ်ကချည်သားအင်္ကျီဝတ်ထားရင် နို့သီးခေါင်းထောင်နေတာကို မြင်နေရပါတယ်ဆရာ ထိမိရင်နာပါတယ်ဆရာ ဘယ်လိုသက်သာအောင်လုပ်လို့ရမလဲနဲ့ ဘာဖြစ်တာလဲ သိချင်လို့ပါဆရာ ဒီနေ့နဲ့ဆို ၃ရက်မြောက်နေ့ပါဆရာ

ရင်သားထိပ်ဖျားနာတာ အများအားဖြင့် ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တယ်။ ကိုယ်ဝန်နဲ့ လစဉ်ရာသီလာခြင်း။ ဆေးမလိုအပ်ပါ။

တခါတခါ အလာဂျီသဘောကြောင့် ဖြစ်တယ်။ နာတာအပြင် ယားမယ်။ ကော်တီဇုံး လိမ်ဆေးနဲ့ ပျောက်နိုင်တယ်။

တခါတခါ အတွင်းခံ အဆင်မပြေလို့လည်း နာမယ်။ အဆင်ပြေတာ ရွေးဝတ်ပါ။

သေချာအောင်တော့ ရင်သားကင်ဆာ ဟုတ် မဟုတ် စစ်သင့်တယ်။

Breast pain ရင်သားနာတာ ဘာလို့ပါလဲ https://dr-tint-swe.blogspot.com/2021/05/breast-pain.html

BI-RADS ရင်သားကင်ဆာစစ်ဆေးခြင်း https://dr-tint-swe.blogspot.com/2021/01/bi-rads.html

ဆရာဝန်မလိုလောက်တာမျိုးတွေလဲလုပ်ပါ။ အတွင်းခံ အသင့်ဆုံးကို ရွေးဝတ်ပါ၊ ဆားလျော့စားပါ၊ (ကေဖင်း) ပါတာတွေ လျော့စားသောက်ပါ၊ အဆီလျော့စားပါ။ အသီးအနှံအသီးအရွက် များများစားပါ။ ကိုယ်အလေးချိန် သင့်တင့်ပါစေ။ Ibuprofen, Aspirin, Paracetamol အနာအကိုက် သက်သာဆေးတခုခုသောက်ပါ။ Vitamin B6, Vitamin B1, Vitamin E ဗီတာမင်တွေ သောက်ပါ။ လိမ်းဆေးလဲ သုံးနိုင်တယ်။ ရေခဲကပ်ပေးနိုင်တယ်။ ကိုယ်စိတ် အေးဆေးပါစေ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ