Treatments for HER2-Negative Breast Cancer အမျိုးအစား ရင်သားကင်ဆာ ကုသနည်းများ

မင်္ဂလာပါ ဆရာရှင့် ရင်သားကင်ဆာအတွက် မေးခွန်းလေး မေးခွင့်ပြုပါဆရာ ကျမ ရောဂါက Her 2 Negative ပါ ဆရာ ကီမိုသွင်းပြီးတာ ၂နှစ်နဲ့ ၂ လ ရှိပါပြီ ၃ လ တကြိမ် သွေးစစ် ပြနေရတုန်းပါဆရာ သွေးစစ်တိုင်းလဲ  စပြကတည်းက အဖြေတွေ အမြဲ ကောင်းပါတယ် letrozole နဲ့ cal need ၅ နှစ်သောက်ရမှာပါ ဆရာ သောက်နေလျှက်(လျက်)ပါ ဆရာ ဖြေထားပေးတဲ့ အဖြေတိုင်း ဝင်ဖတ်ပါတယ် ကျမ ရောဂါက ပျံ့နှုန်းနည်းတယ် ပြန်ဖြစ်ခြေလဲ နည်းတယ်လို့ ဖတ်မိပါတယ် အဲဒါလဲ ၃ လ တကြိမ် သွေးစစ် နေရ အုန်းမှာလား ဆရာရှင့် သွေးစစ်ခ ဆေးဖိုး အရမ်းကုန်နေပါပြီ ဆေးပဲ ၅ နှစ်သောက်ပြီး နေလို့ရမလားလို့ပါဆရာ မစိုးရိမ်ရတဲ့ အနေထားဆိုရင်ပါရှင့် ကျေးဇူးတင်လျှက်(လျက်)ပါဆရာ မိသားစုအားလုံး ကျန်းမာ ချမ်းသာကြပါစေရှင် CEA CA 153 ရဲ့  ၂၀၂၃ အဖြေပါ ဆရာ။

Treatments for HER2-Negative Breast Cancer အမျိုးအစား ရင်သားကင်ဆာ ကုသနည်းများ

၁။ Surgery and/or radiation ခွဲစိတ်ကုသ +/- ဓါတ်ကင်ခြင်း

စောစောသိရင် အလွန်ကောင်း။ ကင်ဆာအကုန်ထုတ်ပြစ်နိုင်။

တချို့ကို ခွဲစိတ်ခြင်းမပြုမီ ဓါတ်ကင်စေမယ်။

၂။ Endocrine therapy ဟော်မုန်းဆေးပေးခြင်း

၃။ Chemotherapy ခီမိုသာရာပီပေးခြင်း

၄။ HR-positive/HER2-negative အမျိုးအစားတွေကို ခီမိုသာရာပီပေးခြင်း + ဟော်မုန်းဆေးပေးခြင်း

စတင်သိချိန်က ရောဂါအဆင့်၊ ဂရိတ်နဲ့ တခြားအချက်အလက်တွေအပေါ်မူတည်တယ်။ ခီမိုသာရာပီပေးခြင်းက ပြန်မဖြစ်စေရန်အတွက်ဖြစ်တယ်။ ဒါပေမဲ့လူနာရဲ့ အသက်အရွယ်နဲ့ တခြားကျန်းမာရေးအခြေခံတွေကို တွက်ဆပြီးသာ ပေးမယ်။

HER2-negative cancer အမျိုးအစားထဲက negative for hormone receptors လည်းမရှသူ သို့မဟုတ် triple negative ဆိုရင် ခီမိုမပေးမီ ခွဲစိတ်ပေးမယ်။

၅။ Immunotherapy အင်မြူနိုသာရာပီ

HR-negative/HER2-negative (triple negative) အမျိုးအစားက ရောဂါနောက်ပိုင်းကျနေရင် 

PD-L1 ပရိုတင်းလည်းတွေ့ရင် အင်မြူနိုသာရာပီနည်း ရွေးနိုင်တယ်။

triple-negative breast cancers ထဲမှာ ၂၀% က PD-L1 ပရိုတင်းတွေ့တယ်။

၆။ Prognosis for HER2-Negative Breast Cancer အလားအလာ

စောစောသိပြီး ကုသနိုင်လေ အလားအလာကောင်းလေ။

HER2-negative cancer ကင်ဆာက ရင်သားကနေတခြားမရောက်သေးရင် ကင်ဆာမရှိသူတွေလို အသက်ရှင်နိုင်တယ်။

positive for hormone receptors တွေလည်း အတူဘဲ။

တကြိမ်ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ