Addison’s disease အဒ်ဒီဆွန် ရောဂါ

ဆရာရှင့် ကျွန်မသူငယ်ချင်း အသက် ၂၅ နှစ် အိမ်ထောင်သည် ကလေး ၂ ယောက်မိခင်ပါရှင့် ကလေးအငယ်က ၁ နှစ် မိခင်နို့တိုက်ပါတယ် Cortisol ဟော်မုန်း နည်းတာအတွက် ဘာလုပ်ရမလဲ ဘာတွေရှောင်ရမလဲ ပျောက်ဖို့ အခွင့်အလမ်း ရှိလား သိချင်လို့ပါရှင့် အခု မျက်နှာက ပြည့်ဖောင်းနေပြီး ခန္ဓာကိုယ် အပေါ်ပိုင်း ကြီးသလိုဖြစ်နေပါတယ် အဲ့ဒါတွေ လျော့ကျလာဖို့ ရှိပါသလားရှင့် လိုအပ်တာလေးတွေ ညွှန်းပေးစေလိုပါတယ်ရှင့် ဆေးစစ်ထားတဲ့အဖြေနဲ့ ဆရာဝန် သောက်ခိုင်းထားတဲ့ဆေး တွဲတင်ပေးလိုက်ပါတယ် ဒီဆေးသောက်လို့ ကလေးကို ထိခိုက်နိုင်ပါသလားရှင့် ကျေးဇူးတင်ပါတယ်ရှင့်

ဆောရီး။ စမ်းသပ်ကသပေးနေတဲ့ဆရာဝန်က ညွှန်ပါမယ်။

ဘာဖြစ်လို့ပါလဲ ဆရာ စမ်းသပ်ကုသပေးနေတဲ့ဆရာဝန်က မေးလို့မရ ဆောင်ရန်ရှောင်ရန် ဘာမှ လည်း မပြောလို့ အားကိုးတကြီး ဆရာ့ကို မေးမိတာပါရှင့် ကျွန်မတို့ဒီရောဂါကို အခုမှ ကြားဖူးတာပါ ဆေးသောက်နေတာ သက်သာမှုလည်း မရှိလို့ပါရှင့် ကျွန်မမေးတဲ့အထဲ အမှားပါသွားရင် ခွင့်လွှတ်စေချင်ပါသည်ရှင့် ဆရာ့ရဲ့ Blog ထဲမှာ ရှာဖွေကြည့်တော့လည်း ဒီဟော်မုန်း များတာအတွက် တွေ့ရပြီး နည်းတာအတွက် မတွေ့မိလို့ပါရှင့်

အဒ်ဒီဆွန်ရောဂါဆိုတာ Adrenal glands ခေါ် ကျောက်ကပ်အထက်မှာက်နေတဲ့ အဒရီနယ်လ်အိတ်ကနေ Cortisol ကော်တီဇောလ် လို့ခေါ်တဲ့ ဟော်မုန်းလုံလောက်အောင်ထုတ်မပေးလို့ဖြစ်ရတယ်။

အလွန်အားနည်းခြင်း၊ စိတ်ရှုတ်ထွေးခြင်း၊ခေါင်းမူးခြင်း၊ ပျို့၊ ဗိုက်အောင့်၊ အန်၊ ဖျား၊ နောက်ကျောနဲ့ ခြေထောက်နာခြင်း၊ အစားပျက်၊ သွေးဖိအားအလွန်ကျခြင်း၊ ချမ်း၊ အရေပြားအနီကွက်ထွက်ခြင်း၊ ချွေးပြန်ခြင်း၊ နှလုံးခုန်မြန်နဲ့ သတိလစ်ခြင်းတွေ ခံစားရနိုင်တယ်။

အရေးပေါ်ဖြစ်တတ်တယ်။ ဆောရီး။ အဲလိုဖြစ်တာကို Addisonian Crisis အဒ်ဒီဆိုနီယမ်း ခရိုက်ဆစ် နဲ့ Acute Adrenal Crisis လို့လည်းခေါ်တယ်။ အရေးပေါ်ဖြစ်ရင် Hydrocortisone ထိုးဆေး ထိုးရမယ်။ အသားဆေးရော သွေးပြန်ကြောထဲပါ ထိုးနိုင်တယ်။ ဆေးကို အိမ်မှာ ဆောင်ထားရမယ်။ အသားဆေးထိုးနည်းပါ အိမ်သားတွေက သင်ယူထားသင့်တယ်။

ပင်စိမ်းရွက်၊ အိုမီဂါ-သရီး၊ မက်ဂနီဆီယမ်စားဆေး၊ ဗီတာမင်ဘီအုပ်စုနဲ့ ဗီတာမင်စီတွေက အထောက်အကူပြုနိုင်တယ်။

နာတာရှည်ရောဂါဖြစ်တယ်။ ပျောက်မယ်လို့ အာမမခံနိုင်။ ဆောရီး။

ဒေါက်တာတင့်ဆွေ

၂၇-၃-၂၀၁၈

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ