Cancer often requires more than one treatment ကင်ဆာကုသနည်းဆိုတာ

ကုသနည်းတမျိုးတည်းနဲ့ မလုံလောက်ပါ။ ၂၇-၃-၂၀၂၄ နေ့ထွက် ဆေးပညာသတင်းဖြစ်ပါတယ်။ ခီမိုသာရာပီနည်းနဲ့ ခွဲစိတ်ကုသနည်းတွေ လိုနိုင်တယ်။ 

ဝေလမင်းသမီး Kate Middleton ကိတ်ရဲ့ ကင်ဆာသတင်းကို အခြေခံရေးသားထားပါတယ်။ မင်းသမီးက သူဟာ ခွဲစိတ်ကုသမှုအပြင် ကာကွယ်မှုအနေနဲ့ ခီမိုသာရာပီလုပ်နေရတယ်လို့ ၂၀၂၄ ခုနှစ် မတ်လထဲမှာ ထုတ်ပြောခဲ့တယ်။

အဲလိုကုသနည်းကို adjuvant therapy လို့ခေါ်တယ်။ ခွဲစိတ်တာအပြင် ဆက် တွဲလုပ်ရတဲ့ ကင်ဆာကုသနည်း တခုခုကို ဆိုလိုတယ်။

ကင်ဆာကုသနည်းတွေ အမျိုးမျိုးရှိတယ်။

Surgery ခွဲစိတ်ကုသနည်း၊

Chemotherapy ခီမိုသာရာပီနည်း၊

radiotherapy ဓါတ်ကင်နည်း၊

immunotherapy အင်မြူနိုသာရာပီနည်းနဲ့

hormonal therapy ဟော်မုန်းပေးနည်း။

ဘယ်လိုလူနာကို ဘယ်ကုသနည်းတွေပေးမလဲဆိုတာ ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်၊ ပြန့်နေပြီလား စတဲ့အချက်တွေအရ ရွေးရတယ်။

အကြမ်းအားဖြင့် -

၁။ solid tumors – or visible tumors မျက်စိနဲ့ မြင်တွေ့နိုင်တဲ့ အစိုင်အခဲ အကျိတ် အလုံး။ ခွဲစိတ်ထုတ်ပေးမယ်။ ဥပမာ မျိုးဥအိမ်ကင်ဆာဆိုရင် မျိုးဥအိမ်တွေ + သားအိမ် + သားအိမ်ပြွန်တွေကို ထုတ်မယ်။ တချို့ကိုတော့ ဘေလုံး၊ အူသိမ်၊ အသဲတို့ကိုပါ ထုတ်ရတယ်။

၂။ liquid tumors အရည်ကင်ဆာ ဥပမာ သွေးကင်ဆာ။

အရေပြားကင်ဆာဆိုလည်း မြင်ရတယ်။ တက်စေ့တွေကိုပါ ထုတ်ရနိုင်တယ်။

မြင်ရတဲ့ သားအိမ်ဝ (သားအိမ်ခေါင်း) ကင်ဆာက ၉၁% စောစောသိနိုင်တယ်။ သားအိမ်ကင်ဆာလည်း အတူတူဘဲ။ ၅ နှစ်အသက်ရှင်နှုန်း ၉၅% မြင့်မားတယ်။

ကင်ဆာ အဆင့် နည်းလေး ကောင်းလေ။ မြင်နိုင်တာတွေနဲ့ ဆိုင်တာတွေ ခွဲထုတ်ပေမဲ့ ပြန်ဖြစ်တာလည်း ရှိတယ်။ ဘာ့ကြောင့် မသိနိုင်သေးပါ။

ဘယ်မှာစဖြစ်တဲ့ကင်ဆာလဲက အသက်ရှင်နှုန်းအတွက် အရေးကြီးပြန်တယ်။ ဥပမာ သရက်ရွက်ကင်ဆာက ဆိုးတဲ့စာရင်းထဲမှာပါတယ်။ မျိုးဥအိမ်ကင်ဆာက ရောဂါလက္ခဏာတွေက မရေရာလို့ အသိ နောက်ကျတတ်တယ်။ ရင်သားကင်ဆာ အသိမြန်တယ်။

adjuvant and neoadjuvant therapy ကုသနည်းတွေဆိုတာ ကင်ဆာ ပြန်မဖြစ်အောင်ရည်ရွယ်ပြီးလည်း လုပ်ပေးတယ်။

မြန်မာနိုင်ငံသားတွေ ဘယ်မှာနေနေ ကင်ဆာကို ကျော်လွှားနိုင်ကြပါစေ။

Ref: The Conversation website

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ