Cancer သင့်ယာဉ်ကို လှူပါ

ကင်ဆာဝေဒနာသည်တွေ အသက်ကို ကယ်တင်ရန်အတွက် သင့်ကား၊ လှေ၊ ယာဉ် လှူပါ။ (အမေရိကန်ကင်ဆာအသင်း)

သူတို့ဆီမှာ အဲလိုဆောင်ရွက်ကြပါတယ်။

စေ့ဆော်သူတွေ စေတနာထားသူတွေက စနစ်တကျ သေသေချာချာ လုပ်ကြတယ်။

ကင်ဆာအပါအဝင် ဆေးသုတေသနလုပ်ငန်းတွေအတွက် အလှူငွေတွေ ထည့်ဝင်ကြတယ်။

လက်ရှိ အမေရိကန်သမတက နောင် ၂၅ နှစ်မှာ ကင်ဆာကြောင့် သေဆုံးမှု ၅၀% ကျဆင်းရေးအတွက် ၂၀၂၃ ခုနှစ်ကတည်းက ဆောင်ရွက်နေတယ်။

မြန်မာပြည်ကလည်း အတုခိုးကြစေချင်တယ်။

သုတေသနတွေ လိုတယ်။ ပိုက်ဆံချမ်းသူတွေက အဲလိုနေရာမျိုးတွေမှာ လှူကြစေချင်တယ်။

ကင်ဆာအုပ်စုတွေကလည်း ဆေးပညာနဲ့ ညီတာတွေကိုသာ တင်ကြစေချင်တယ်။

လူတွေကလည်း မဟုတ်ကဟုတ်ကတွေကို မရေး၊ မတင်၊ မမေး၊ လက်မခံရေး ဆော်သြကြစေချင်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ