DASH (Dietary Approaches to Stop Hypertension) သွေးတိုး အစာအာဟာရ ဥပဒေသ

သွေးတိုးများနေတာ ဘယ်ဖြည့်စွက်စာဆေးများလိုအပ်နေပါလဲ

ဆရာဝန်ကို မေးတာ မဟုတ်ပါ။ ကင်ဆာဆိုလည်း ဆရာဝန်ကိုမေးလေ့ မရှိသလောက် ပျောက်ကွယ်သွားပြီ။ ဖေ့စ်ဘွတ်အကောင့်တခုရှိသူတိုင်းကို အတူးကုတွေလို့ ယူဆကြတော့တာ မြန်မှာပြည်မှာ။

ဘာလေးဖြစ်ဖြစ် ဘာကြီးဖြစ်ဖြစ် ဘယ်အစာတွေ ရှောင်ရမလဲ၊ ဘာတွေစားရမလဲနဲ့ ဖြည်စွက်စာဆိုတဲ့ ၁-၂-၃ ကိုသာ သိလိုကြတယ်။ ရောဂါကာကွယ်နည်းနဲ့ ကုသနည်းက ၄-၅ မှာသာလာတယ်။

အစားအစာ တကယ့်ကိုအရေးပါတဲ့ရောဂါတွေဆိုတာ -

၁။ ဆီးချို၊

၂။ ကိုလက်စထောများခြင်း၊

၃။ သွေးတိုးနဲ့

၄။ ဂေါက်ရောဂါတွေဖြစ်တယ်။

လူတိုင်း တနေ့မှာ ၂-၃-၄ ခါစားကြတယ်။ စားတိုင်း သကြားဓါတ်တက်တယ်။ စားတိုင်း အငန်ဓါတ်တက်တယ်။ စားတိုင်း အဆီဓါတ်တက်တယ်။ မနက်စာတော့ မတည့်တာရှောင်လိုက်ဦးမယ်နဲ့ မရပါ။

အစားအစာတမျိုးတည်းကိုသာ ဂရုစိုက်တာနဲ့လည်း မပြီးသေးပါ။ ဆေးတွေလိုတယ်။ နေ့တိုင်းလိုတယ်။ တချို့ဆေးက တနေ့မှာ ၂-၃-၄ ခါလိုတယ်။

အဲဒီရောဂါတွေက ရှိကတည်းက ကိုယ်နဲ့အတူနေထိုင်အိပ်စက်တော့မယ်။

အလွဲတွေ မယုံပါနဲ။ အမှားတွေ အဟုတ်မထင်ပါနဲ့။ ဝယ်ချင်အောင်ပြော၊ ရေးတဲ့ ရောင်းစရာတိုင်းကို ဝယ်ချင်မနေနဲ့။ ဖေ့စ်ဘွတ်မှာ သူလိုကိုယ်လိုလူတွေ၊ ကိုယ်လောက်တောင်မသိသူတွေ ရေးတာနောက် တပည့်မခံပါနဲ့။

လူရော အသိပါ နေကောင်းကြစေသတည်း။

– S သုံးလုံး-ဥပဒေသ မှတ်ပါ။ Saturated fat, Sugar and Salt တွေ နည်းရမယ်။

– Saturated fat အဆီအမျိုးအစား များဆဲ့အစာအစာတွေ Cream မလိုင်၊ Cheese ဒိတ်ခဲ၊ Butter ထောပတ်၊ Ghee ဂီး၊ Coconut oil စားအုံးဆီ၊ Cottonseed oil ဝါစေ့ဆီ၊ Chocolate ချော့ကလက်။

– (ကယ်လိုရီ) + ကိုယ်အလေးချိန် + အဆီတွေဟာ သွေးတိုးအတွက် မကောင်းပါ။

– (ဆိုဒီယမ်) ဆားများတာ လုံးဝမကောင်းပါ။

– (ပိုတက်ဆီယမ်) များတာ ကောင်းတယ်။

– (ကယ်လ်ဆီယမ်) နည်းတာ မကောင်းပါ။

သွေးတိုးသမားတွေအတွက် လေ့ကျင့်ခန်း

1. သွေးပူ-လေ့ကျင့်ခန်း ၅-၁ဝ မိနစ် နဲ့စပါ။

2. (ယောဂ) ဖြစ်ဖြစ် တခြားနည်းဖြစ်ဖြစ် လုပ်ပါ။

3. အများဆုံး-နှလုံးခုန်နှုန်း ရဲ့ ၈ဝ% ထက် မပိုသင့်ပါ။ ၂၂ဝ ထဲကနေ ကိုယ့်အသက်ကို နုတ်ရင် MHR ရတယ်။ (MHR = 220 – Age)

4. ကိုယ့်အလေးချိန်ကနေ ဖိစီးတဲ့ လေ့ကျင့်နည်းမျိုး မလုပ်သင့်ပါ။ အများအားဖြင့် လူတွေက ဝကြလို့ပါ။

5. တခါလုပ်ရင် ၂ဝ-၃ဝ မိနစ် ကြာသင့်တယ်။ ၇ ရက်တပါတ်မှ ၄ ရက်လုပ်သင့်တယ်။ ပြီးရင် ၅-၁ဝ မိနစ် နားလိုက်ပါ။

6. အလေးချိန်-လျှော့နည်း လုပ်နေတုံးမှာ အသက်ရှူ အောင့့်ထားတာမျိုး မလုပ်ပါနဲ့။

ငါသွေးတိုးပျောက်ပြီဆိုပြီး ကိုယ့်ကိုယ်ကို အထင်မကြီးပါနဲ့။ သူများဆေးညွှန်းနဲ့ သွေးတိုးပျောက်တယ်လို့လဲ သူများကို အထင်မကြီးပါနဲ့။ သွေးတိုး သက်သာအောင် ငန်-ချို-ဆီ ရှောင်ပါ။

Hypertension (1) သွေးတိုးရောဂါ (၁) https://dr-tint-swe.blogspot.com/2021/01/hypertension-1.html

Hypertension (2) သွေးတိုးရောဂါ (၂) https://dr-tint-swe.blogspot.com/2021/01/hypertension-2.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ