Formaldehyde ဖေါ်မယ်လ်ဒီဟိုက်

၁။ ဆရာ တချို့အစားအစာတွေမှာခဲအောင်ပျစ်အောင် ပြုလုပ်ထားတာတွေ့ရတယ်။ ဥပမာ နိုဆီ၊ ထောပတ်၊ ယို။ အဲလို ခဲအောင်လုပ်ထားတဲ့ အစားအစာတွေမှာ မော်ဖလင်ဆိုလား ဖော်မလင်ဆိုလားတော့ အတိကျမသ်ိပါ၊ လူသေတွေကို ခဲအောင်လုပ်တဲ့နေရာမှာသူံးတာလို့တော့သိရတယ်။ သုံးလိုရရင် ဘယ်လောက်ပမာဏထိ သုံးလို့ရလည်း သိချင်ပါတယ်။

၂။ ဆရာခင်ဗျာ ဖော်မလင်ကိုမြန်မာနိုင်ငံမှာ စားသောက်ကုန်တွေထဲထည့်သုံးနေကြပါတယ်။ ခေါက်ဆွဲ မုန့်ဟင်းခါး ညှပ်ခေါက်ဆွဲဖတ်တွေမှာ သုံးနေကြပါတယ်။ အန္တရာယ်ရှိ-မရှိ ဗဟုသုတလေးရေးပေးစေလိုပါတယ်။

(ဖေါ်မယ်လ်ဒီဟိုက်) ဆိုတာ အရောင်မရှိ၊ အနံ့ပြင်းတယ်။ ဆောက်လုပ်ရေးလုပ်ငန်းမှာသုံးတယ်။ သစ်သားဖိရာမှာ သုံးတယ်။ အထပ်သား၊ ဖိုက်ဘုတ်၊ ကော်၊ စက္ကူအပေါ်လွှာ၊ စတာတွေ။ စက်မှုလုပ်ငန်းတွေမှာ မှိုသတ်ဆေး၊ ပိုးသတ်ဆေးအနေနဲ့ သုံးတယ်။ ရေခဲတိုက်မှာ အလောင်းတွေ၊ ဓါတ်ခွဲခန်းမှာ အသားစတွေကို အထားခံအောင် လုပ်ရာမှာလည်းသုံးတယ်။

(ဖေါ်မယ်လ်ဒီဟိုက်) ဓါတုဆေးကို ထုတ်လုပ်ရေး၊ သိုလှောင်ရေး၊ ကိုင်တွယ်ရေးနဲ့ အသုံးချရေးတွေအတွက် အစိုးရတွေကနေ စည်းမျဉ်းတင်းကြပ်ထားပါတယ်။ ဆေးတောင့်အနေနဲ့ ထုတ်လုပ်တာရှိတယ်။ ခရင်မ်လိမ်းဆေး၊ အလှအပသုံးတွေ၊ တကိုယ်ရေသန့်ရှင်းရေးဆေးနဲ့ သက်ဆိုင်တယ်။

အသုံးကျတာတွေလဲ များပါတယ်။ ယူအက်စ်နဲ့ကနေဒါမှာ ဆီးလမ်းကြောင်းပိုးဝင်လို့ ဆေးကုသဘို့ကုန်ကျစရိတ် ၁ ဘီလီယန်ရှိတယ်။ Methenamine ဆေးနဲ့ကုသနိုင်တယ်။ အဲတာက (ဖေါ်မယ်လ်ဒီဟိုက်) နဲ့လုပ်တယ်။ ပိုးတွေကို သေစေတယ်။ နှလုံးသွေးကြောကျဉ်းပြီး ရင်ပတ်နာသူတွေ ပါးစပ်ထဲမှာငုံရတဲ့ Nitroglycerin pills ဆေးပြားထဲမှာလဲ ပါတယ်။ ဆေးကုသရာမှာသုံးတဲ့ပစ္စည်းတွေလုပ်ရာမှာလဲပါတယ်။ (ပေ့စ်မိတ်ကာ) နှလုံးခုန်ထိန်းပေးစက်၊ နှလုံးအဆို့ရှင်။

(ဖေါ်မယ်လ်ဒီဟိုက်) ကဓါတ်ငွေ့ဖြစ်တယ်။ အိမ်ထဲကလေထဲမှာ နည်းနည်းလေးပါနေနိုင်တယ်။ များနေရင် အန္တရာယ်ရှိတယ်။ ကားကနေထုတ်တဲ့ (အိတ်ဇော) ငွေ့နဲ့ ဆေးလိပ်ငွေ့တွေထဲမှာ (ဖေါ်မယ်လ်ဒီဟိုက်) ပါနေတယ်။

ကျန်းမာရေးအန္တရာယ်

(ဖေါ်မယ်လ်ဒီဟိုက်) ကို ကင်ဆာဖြစ်စေနိုင်တယ်လို့ သတ်မှတ်ထားတယ်။ လေထဲမှာ ဓါတ်ငွေများနေရင် မျက်စိ၊ နှာခေါင်း လည်ချောင်းယားမယ်။ ကလေးတွေပန်းနာရှိသူဆိုးလာမယ်။ တာရှည်များများနဲ့ထိရင် အသက်ရှူလမ်းရောဂါတွေ ရနိုင်တယ်။ (အလာဂျီ) ရမယ်။ ကလေးတွေမှာပိုဆိုးတယ်။ သိပ်များရင်တော့ ကင်ဆာဖြစ်စေနိုင်တယ်။ နှာခေါင်းပိုင်းမှာ ဖြစ်မယ်။

အသားငါး၊ အသီးအရွက်၊ အသီတွေထဲမှာ သဘာဝကိုက (ဖေါ်မယ်လ်ဒီဟိုက်) ပါနေတယ်။ မများပါ။

- ပန်းသီး = 6.3-22.3

- ငှက်ပျောသီး = 16.3

- မုံလာပွင့် = 26.9

- သစ်တော်သီး = 38.7-60

- မှို = 100-406 / 6-54.4

- အသား = 2.5-20

- ပင်လယ်ငါးကြီး = 4.6-34

- ငါးလုံး = 6.8

- ဘဲသား = ≦140

လက်သည်းပေါလစ်၊ လက်သည်းကော်၊ မျက်တောင်ကော်၊ ဆံပင်ပျော့ဆေး၊ ဘေဘီရှန်ပို၊ ကိုယ်လိမ်းဆပ်ပြာ၊ ဆပ်ပြာခဲ၊ အရောင်ပါအလှအပသုံးများထဲမှာလဲပါတယ်။

ကုန်သွယ်ရေးလုပ်သူများအတွက် အကြံပေးချက် = စိတ်ချရတဲ့နေရာတွေကနေသာ ဝယ်ယူရောင်းချပါ။ အစားအစာတွေထဲမှာ (ဖေါ်မယ်လ်ဒီဟိုက်) ထပ်မထည့်ပါနဲ့။

စားသုံးသူများအတွက်အကြံပေးချက် = စားစရာတွေကို ရေနဲ့စင်အောင်ဆေးပါ။ ချက်ပြုပ်ရင် အပူချိန် 75°C ကျော်အထိ သုံးပါ။ အလှပြုပြင်ဆိုင်တွေမှာလိုအပ်ရင် နှာခေါင်းဖုံးသုံးပါ။ အလှအပသုံးပစ္စည်းတွေမှာ (မယ်လ်ဒီဟိုက်) ဘယ်လောက် ပါသလဲကြည့်ပါ။

ဒေါက်တာတင့်ဆွေ

၂၁-၃-၂၀၁၇

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ