Home Remedies to Eliminate Foot Odor ခြေနံ့ဆိုးခြင်း

သမီးအကို အသက် ၁၈ နှစ်က ခြေထောက်မှာတချိန်လုံး ခြေဆီထွက်ပြီး အနံ့ဆိုး ထွက်ပါတယ်။ ဘယ်သွားသွား၊ ဘာဝတ်ဝတ်ပါ။ အိမ်မှာလည်း စိတ်ညစ်ရပါတယ်။ အဲအနံ့ကြောင့် စိတ်လှုပ်ရှားတဲ့အချိန်တို့ အေးလာတဲ့အချိန်တို့ဆို ထွက်လာတတ်ပါတယ်။ ခြေဖဝါးမှာရော လက်မှာပါ။ ဘယ်လိုဖြေရှင်းရမလဲဆရာ။

ခြေနံ့ဆိုတာဟာ ခြေဖဝါးမှာ ချွေး (ခြေဆီ) နဲ့ ဗက်တီးရီးယားတွေရောနေတဲ့အနံ့ဖြစ်တယ်။ ခြေဆီထွက်များသူတွေ၊ ခြေအိတ်မလဲတာကြာသူတွေ၊ တကိုယ်ရေသန့်ရှင်းရေးနည်းသူတွေ၊ ကိုယ်ဝန်၊ အရွယ်ရောက်ချိန်စတဲ့ ဟော်မုန်း ပြောင်းလဲမှုရှိသူတွေ၊ စိတ်ကိုယ် ဖိအားများသူတွေ၊ Hyperhidrosis ရှိသူတွေက သူများထက်ချွေးထွက်များတယ်။

၁။ Lavender Oil လာဗင်ဒါပန်းအဆီကို မိနစ် ၂၀ ကြာလိမ်းထားပါ။ တနေ့ ၂ ကြိမ်လုပ်ပါ။

၂။ Alum Powder ကျောက်ချဉ် လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ရေတခွက်ရောပါ။ ခြေထောက်ကိုသုတ်လိမ်းပါ။ ၁၅-၂၀ မိနစ်ထားပါ။ တနေ့ ၁ ကြိမ်။

၃။ Epsom Salt ဆားခါး လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ရေပုန်းတဝက်ထဲတည့်ပြီး ခြေထောက်ကိုစိမ်ထားပါ။ ၁၅ မိနစ်ကြာ၊ တနေ့ ၁ ကြိမ်။

၄။ White Vinegar ဗနီဂါရည် ခွက်တဝက်ကို ရေ ၆ ခွက်နဲ့ရောပါ။ လာဗင်ဒါဆီ နည်းနည်းထည့်ပါ။ ၁၅ မိနစ်စိမ်ပါ။ တနေ့ ၁ ကြိမ်။

၅။ Black Tea လက်ဖက်ခြောက်နက်အိတ်ကလေး ၂ အိတ်ကို ရေနွေးပူ ၃ ခွက်ထဲထည့်ပါ။ နွေးလာချိန်ကစပြီး ခြေထောက်စိမ်ပါ။ တနေ့ ၁ ကြိမ်။

၆။ Ginger ဂျင်း (ချင်း) ကို ချေထောင်းပြီး ရေနွေး ၁ ခွက်ထဲထည့်ပါ။ ၁၅ မိနစ်စိမ်ပါ။ တနေ့ ၁ ကြိမ်၊ ၁ ပါတ်ကြာ။

၇။ Apple Cider Vinegar ပန်းသီး ဆိုင်ဒါရည် ခွက် တဝက်နဲ့ ရေနွေး ၅ ခွက်ရောပါ။ ၁၅ မိနစ်ကြာစိမ်ပါ။ တနေ့ ၁ ကြိမ်၊ တပါတ်။

၈။ Sugar Scrub သကြား ၇-၉ ဆ + isopropyl alcohol (91%) အရက်ပြင်း + ရေ ၅ ဆရောပြီး ခြေထောက်ကို တိုက်ပွတ်စရာတခုနဲ့ တိုက်ပေးပါ။ ၁ဝ မိနစ်ကြာ။ တပါတ် ၃ ကြိမ်။  

၉။ Boric Acid ဘောရစ်အက်စစ်နဲ့ လိမ်းပါ။ 

၁ဝ။ Baking Soda ဆော်ဒါ လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံကို ရေခပ်နွေးနွေး ၈ ခွက်ထဲထည့်ပါ။ သံပုရာရည် ညှစ်ထည့်ပါ။ ခြေထောက်လိမ်းပါ။ မိနစ် ၂ဝ ကြာ။

၁၁။ Salt and Water Soak ဆားရည် ဆားတခွက်နဲ့ ရေခပ်နွေးနွေးရောပါ။ မိနစ် ၂ဝ ကြာ။ တနေ့ ၁ ကြိမ်။ ၂ ပါတ်ကြာ။

၁၂။ Tea Tree Oil လက်ဖက်ပင်ဆီ (၈) စက်ကို ရေ ၁ ခွက်ထဲထည့်ပါ။ ခြေထောက်ကိုလိမ်းပါ။ တည ၁ ခါ။

ဒေါက်တာတင့်ဆွေ

၂၈-၃-၂၀၁၆

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ