HPV Vaccine Effectiveness သားအိမ်ဝကင်ဆာကာကွယ်ဆေး ထိရောက်မှု

မဂ်လာပါ (မင်္ဂလာပါ) ဆရာရှင့် ကျမအသက်က ၂၈ ပါဆရာ အိမ်ထောင်ရှိပါတယ် ဆရာ ၂၀၁၈ မာ (၂၀၁၈ မှာ) သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးထားပါတယ်ဆရာ သိချင်တာက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးထားရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်လား သိချင်ပါတယ် ဆရာ ၅နှစ်ပြည့်ရင် ပြန်ထိုးရတယ်လို့ ကြားဖူးပါတယ် ဆရာ အဲဒါ ၅နှစ်မပြည့်ခင်ရင်ရော ပြန်ထိုးရင် ရလား သိချင်ပါတယ်ရှင့်

HPV Vaccine သားအိမ်ဝကင်ဆာကာကွယ်ဆေး ထိရောက်မှု အလွန်ကောင်းတယ်။ ယူအက်စ်အေမှာ ၂၀၀၆ ကတည်းက တရားဝင်ထိုးခွင့်ပေးတယ်။ ၁၀ နှစ်အကြာ လေ့လာမှုတွေလုပ်တယ်။ Quadrivalent type HPV infections ကူးစက်မှု အသက် ၁၄ နှစ်ကနေ ၁၉ နှစ်ကြားမိန်းကလေးတွေမှာ ၈၆% ကျဆင်းတယ်။ အသက် ၂၀ ကျော်စတွေမှာ ၇၂% ကျဆင်းတယ်။ 

Duration of Vaccine Protection ဆေးပတ်စေ့အောင် တခါထိုးထားရင် ဘယ်လောက်ကြာကြာ ကာကွယ်သလဲ 

လေ့လာမှုတွေအရ ရေရှည်ကာကွယ်မှုရှိတယ်။ Bivalent နဲ့ quadrivalent vaccines အမျိုးအစား ကာကွယ်ဆေးတွေဟာ ၁၀ နှစ်မက ကာကွယ်မှုပေးတယ်လို့ ပြောနိုင်ပြီ။ လေ့လာမှုတွေ ဆက်လုပ်နေတယ်။

မေးခွန်းတွေမှာ မှာ ကို မာလို့ရေးနေကြတာ မှားတယ်။ တကယ်လို့ သားအိမ်မာလို့ရေးရင် ရောဂါရှိနေပြီ။ မြန်မာစာကင်ဆာ ပျောက်ပါစေသတည်း။

November 05, 2021

HPV vaccine reduced cervical cancer rates by 87% in women

HPV vaccine သားအိမ်ဝကင်ဆာ ကာကွယ်ဆေး https://dr-tint-swe.blogspot.com/2021/01/hpv-vaccine.html

Cervical Cancer & Virgins သားအိမ်ဝကင်ဆာနဲ့ အပျို https://dr-tint-swe.blogspot.com/2021/10/cervical-cancer-virgins.html

Gardasil vaccine သားအိမ်အဝကင်ဆာ ကာကွယ်ဆေး https://dr-tint-swe.blogspot.com/2022/06/gardasil-vaccine.html

HPV vaccine သားအိမ်ဝကင်ဆာ ကာကွယ်ဆေး လူအအများစုကိုထိုးပေးခြင်း https://dr-tint-swe.blogspot.com/2022/04/hpv-vaccine.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ