Masochism နာတာကို သာယာခြင်း

(ကန်တော့)

မင်္ဂလာပါ ဆရာရှင့် ကျွန်မရဲ့ တူလေးက အသက် ၆နှစ်ရှိပါပြီ ကလေးက သူ့အသားကိုသူ နာကျင်အောင်လုပ်ရတာကို နှစ်သက်ပါတယ် သံချောင်းထောင်နေတာကိုမြင်ရင် ခြေထောက်ပေါက်အောင် ဆောင့်နင်းတာမျိုး၊ ဘလိတ်ဓါးနဲ့ လက်ကို လှီးတာမျိုးတွေ အရင်က လုပ်ဖူးပါတယ်။ မနေ့ကလည်း သံဇကာက အစွန်းထွက်နေတဲ့ ဆူးနဲ့ သူ့လက်ကို သူ့ဘာသာ ၃ချက် ၄ချက်လောက် ထိုးဖောက်ထားပါတယ်။ သူ ၄နှစ်အရွယ်လောက်ကလည်း ပလပ်စတစ်ကို မီးရှို့ပြီး ခွေးကလေးခြေထောက်မှာ ကပ်လိုက်လို့ ခွေးကလေးကို ဆေးကုပေးရဖူးပါတယ်။ အဲ့လိုမျိုး သူ့ကိုယ်သူရော သူများကိုပါ နာကျင်အောင်လုပ်ရတာကို နှစ်သက်နေပါတယ်ရှင့်။ ပြီးတော့ ကလေးက အာရုံစူးစိုက်မှုလဲ သိပ်မလုပ်နိုင်ပါဘူး။ ဆော့ကစားတဲ့အခါလဲ တခြားကလေးတွေထက်ကို ပြေးလွှားပြီး အရမ်းဆော့ပါတယ်ရှင်။ ကျောင်းမှာဆိုလဲ အရမ်းဆော့လွန်းလို့ အတန်းဖော်တွေကို အနိုင်ကျင့်လွန်းလို့ အတန်းပိုင်ဆရာရဲ့ တိုင်ကြားခြင်းကို ခဏခဏခံရပါတယ်။ မိဘတွေကလည်း ကလေးကို အလိုလိုက်တဲ့ထဲ မပါပါဘူးရှင့် ဘယ်လိုပဲ ဆုံးမဆုံးမ ထပ်ခါထပ်ခါ လုပ်မြဲအတိုင်း လုပ်နေတတ်ပါတယ်။ အဲ့ဒီလို ဖြစ်တာဟာ ဦးနှောက်ပိုင်း ဖွံ့ဖြိုးမှုကြောင့်လား စိတ်‌ပိုင်းဆိုင်ရာကြောင့်လား ဆိုတာလေးနဲ့ မိဘတွေအနေနဲ့ ဘယ်လိုလေးလုပ်သင့်လဲ ဆရာဝန်နဲ့ ပြသပြီး ကုသပေးဖို့အထိ လိုအပ်လား ဆိုတာလေး သိချင်ပါတယ်ရှင့် ကျေးဇူးတင်ပါတယ် ဆရာရှင့်

Masochism နာတာကို သာယာခြင်း

စိတ်အခြေအနေတမျိုးဖြစ်တယ်။ Sadism ဆိုတာက သူများကို နာစေအောင်ပြုချင်စိတ်ရှိသူကို ခေါ်တယ်။

Masochism နာတာကို သာယာသူတွေဟာ လိင်ကိစ္စ (ကန်တော့) မှာ တွေ့ရလေ့ရှိတယ်။ မပြုမီမှာ တဖက်သားကို နာစေအောင်ပြုလေ့ရှိတယ်။

လိင်ကိစ္စမဟုတ်ဘဲ ပြောတာဆိုတာမှာ နာကျင်စေမှုကို ပြောဆိုလေ့ရှိတယ်။

ကုသနည်းတွေကတော့ Psychotherapy စိတ်အထူးကုဆရာဝန်နဲ့ပြသခြင်း

Cognitive-behavioral therapy စိတ်ကုသနည်းပေးမယ်။ အဆိုးဖြစ်လာနိုင်တာတွေကို ရှင်းပြမယ်။ ဖြစ်လာရင် ဘယ်လိုဖြေရှင်းမလဲ နည်းပြမယ်။ နောင်တရမယ်ဆိုတာ ရှင်းပြမယ်။

Medications ဆေးပေးနည်း။

Antiandrogen therapy ခေါ်တဲ့ testosterone ဟော်မုန်း နည်းစေတဲ့ဆေး ပေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ