Medicated mosquito net and health ဆေးစိမ်ခြင်ထောင်

ဆရာရှင့် ကျန်းမာရေးဌာနက ဖြန့်ဝေတဲ့ဆေးစိမ်ခြင်ထောင်နဲ့အိပ်ပြီး မျက်နှာပူရှိန်းရှိန်းဖြစ်နေတာ မျက်စိတွေပူပြီးစပ်နေတာဖြစ်နေပါတယ်။ ဘာ့ကြောင့်ပါလဲ။အပူအစပ်သက်သာအောင် ဘာလုပ်လို့ရပါသလဲ။

ပုံမှန် ဆေးစိမ်ခြင်ထောင်တွေက သုံးစွဲသူတွေကို ထိခိုက်မှု မရှိသလောက်ပါ။ ဆေးနဲ့ မတည့်သူလည်း ရှိနိုင်တယ်။ အလာဂျီသဘောဖြစ်တယ်။ မသုံးနိုင်ရင်တော့ အဲလိုလူတွေက မသုံးဘဲနေသင့်တယ်။

polyester, polyethylene, polypropylene အစ တမျိုးမျိုးနဲ့ လုပ်ထားတယ်။

ITNs (pyrroles and pyrethroids) ခေါ် (ခြင်)အင်းဆက်သေဆေးကို အတည်ပြုချက်ပေးထားတယ်။ ဆေးစိုနေစဉ်မှာ မသုံးရသေးပါ။

ဆေးစိမ်ခြင်ထောင်တွေ ပေါ်စက ၆-၁၂လ တခါဆေးပြန်စိမ်ရတယ်။

Long-Lasting Insecticide-treated Nets (LLINs) အမျိုါးအစား ပေါ်လာပြီ။ အနည်းဆုံး ၃ နှစ်မက ခံတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ