Medicines ဆေးတွေ

အမေက ဆီးချိူဖြစ်နေတာ ငါးနှစ်ရှိပါပြီ ပုံမှန်ဆီချိူးမတိုင်းဖြစ်ပါဘူး သုံရက်တစ်ခါလောက်တိုင်းပါတယ် ဆီးချိူ တက်နေတယ်ဆို ဆေးသောက်ပြီး အစာမစားခင် (အိပ်ယာနိုးနိုးချင်းတိုင်းတာပါ) 130 အောက်ရောက်ရင် အမေကဘာဆေးမှမသောက်ပါဘူး အမေက ဆီချိူစစ်ရင်းတခြားလိုအပ်တာတွေပါ စစ်တော့ သွေးတွင်း အဆီများတာ နှလုံးအားနည်းတာ အသဲအဆီနည်းနည်းဖုံးတာ  တွေတွေ့တော့ အမေက ဆေးတခါသောက်ရင် ၇ လုံးလာက်သောက်ရပါတယ် အဲ့ဒီဆေးတွေကို ဆီချိုတက်တဲ့အချိန် တခါတည်းတွဲသောက်ပြီး မတက်ရင် မသောက်ဖြစ်ပါဘူး အဲ့ဒီလို သောက်လိုက်မသောက်လိုက်ဖြစ်တာ ဆေးမတိုးတာမျိူးဖြစ်နိင်လားဆရာ နောက်ပြီး ထိရောက်မှုရှိရဲ့လားဆိုတာ သိချင်လို့ပါဆရာ

ဆေးမတိုးဘူးလို့ မရှိပါ။ ဆေးယဉ်တာက ပိုးသေဆေးတွေသာ ဖြစ်တယ်။

ရောဂါကို သက်သောအောင်မလိုပ်သေးရင်တော့ ဆေးပြောင်းရတတ်တယ်။

ဆီးချိုဆေးက မြန်မာပြည်မှာတော့ သောက်ဆေးတမျိုးနဲ့ ထိုးဆေးတမျိုးသာ ရှိမယ်ထင်တယ်။ ယူအက်စ်အေမှာတော့ သောက်ဆေး တမျိုးမက သုံးနေတယ်။

သွေးတိုးကျဆေးလည်း လိုအပ်ရင် ဆေးပြောင်းပေးပါတယ်။ ဆီးသွားစေတဲဆေးပါရင် အိပ်ရာထမှာ သောက်ရတယ်။

အဆီကျဆေးခေါ် ကိုလက်စထောဆေးကတော့ အများသုံးဆေး စတက်တင်ကိုသာ အများဆုံးသုံးတယ်။

ဆေးတွေကို အချိန်တူရင် တွဲသောက်ရတယ်။ ကိုလက်စထောဆေးက ညမှာသောက်ရတယ်။

ဆေးတခုစီကို ဆေးညွှန်းတဲ့ဆရာဝန်က ပြောပါမယ်။

တခါတည်းလို့ ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ