Nasal speech နှာခေါင်းသံ

12/5/22, 11:28 AM

ဆရာရှင့် သမီးနှာစေးပြီး နှာခေါင်းသံဖြစ်နေတာသုံးလလောက်ရှိပါပီ(ပါပြီ)ရှင့်။ အသက်ရှူရကြပ်တာတော့ မရှိပါဘူး။ မူရင်းအသံကိုပြန်မရဘူးဖြစ်နေလို့

ဘယ်လိုလုပ်ရမှန်း မသိလို့ပါရှင်။ အသက်က ၂၇ပါဆရာ

အရင်က ရေးထားတာကို အခုမှသာ တွေ့ရ။ မေးလိုက မေးနိုင်။

ဟုတ်ကဲ့ပါဆရာ အသံက အခုထိနှာခေါင်းသံဖြစ်နေဆဲပါဆရာ။ မနှစ်က ၂လပိုင်းလောက်က ရန်ကုန်ဆေးရုံ ENT ဌာနမှာပြပြီး ဆေးသောက်ခဲ့ပါတယ်။ မသက်သာဘဲနှာခေါင်းသံဘဲဖြစ်နေပြီး သမီးကနယ်ဘက်ပြန်ရောက်လာတာနဲ့ဆက်မပြဖြစ်ပါဘူးဆရာ တစ်ခါတစ်လေ(တခါတလေ) နှာခေါင်းထိမှာ သလိပ်ကပ်ချင်သလို ဖြစ်ပါတယ်။ ခေါင်းကိုက်တာတော့ မရှိပေမယ့် ထိပ်ကပ်နာဖြစ်မှာစိုးရိမ်လို့ပါဆရာ။

စကားပြောရမှာ နှာခေါင်းသံပါနေတာကို hypernasality လို့လည်းခေါ်တယ်။ အာခေါင်ကို မိုးထားတဲ့ ပျော့တဲ့အစိတ်အပိုင်းနောက်ပိုင်းက စကားပြောစဉ်မှာ လုံးဝမပိတ်လို့ နှာခေါင်းသံပါနေတာဖြစ်တယ်။

အအေးမိ နှာစေးချိန်မှာ ယာယီဖြစ်နိုင်တယ်။ ရောင်တာကျသွားရင် ပြန်ကောင်းတယ်။

ယာယီသာမဟုတ်ဘဲ ဆက်ဖြစ်နေရင် ကုသဘို့လိုအပ်သူတွေရှိမယ်။

videofluoroscopy and/or nasendoscopy နည်းနဲ့ စစ်ဆေးရတယ်။

speech therapy စကာပြောသာရာပီ ဖြင့်ကုသခြင်း၊

ခွဲစိတ်ကုသခြင်း၊

special dental plate ကရိယာတခုထည့်လို့ရရင် ခွဲစရာမလိုပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ